အ ကောင်အထည်ဖော် ရန် ပြင် ဆင် နေပြီဖြစ်သည့် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ
အထူးစီးပွားရေးဇုန် စီမံကိန်းတွင် OIC နိုင်ငံများလာ ရောက်ရင်းနှီးမြှုပ်နှံပါက လက် မခံနိုင်ကြောင်း ဒေသခံများက ပြောသည်။
ကျောက်ဖြူအထူးစီးပွား ရေးဇုန်ဆောင်ရွက်နိုင်ရန် ရင်းနှီး မြှုပ်နှံမည့်
ကုမ္ပဏီများကို လာမည့် ဒီဇင်ဘာလအတွင်း တင်ဒါခေါ် ယူသွားမည် ဟု ကျောက်ဖြူအ
ထူးစီးပွားရေးဇုန် ဖော်ဆောင်ရေး ကော်မတီ မှထုတ်ပြန်ထားပြီး ယင်း
သို့ရွေးချယ်ရာတွင် အစ္စလာမ်မစ် နိုင်ငံများဖြင့် ဖွဲ့စည်းထားသည့် OIC
အဖွဲ့ဝင်နိုင်ငံများမှ လာ ရောက်ရင်းနှီးမြှုပ်နှံပါက စီမံကိန်း အား
ပြင်းထန်စွာကန့်ကွက်သွား မည်ဖြစ်ကြောင်း ဒေသခံများ က ပြောသည်။
''ကျောက်ဖြူအထူးစီးပွား ရေးဇုန်လုပ်တာကိုတော့ ကြိုဆို ပါတယ်။ ဒါပေမဲ့ OIC
ကို ဘာလို့ ထည့်ပြောရသလဲဆိုတော့ လက် ရှိ ရခိုင်ပြည်နယ်မှာ ရခိုင်တွေနဲ့
အစ္စလာမ်ဘာသာဝင်တွေ ဖြစ်နေ တဲ့ပဋိပက္ခတွေနဲ့ယှဉ်ပြီး ပြောရ တာဖြစ်ပါတယ်''ဟု
ကျောက်ဖြူ ဒေသခံ ဦးသိန်းဇော်က ပြော သည်။
အမေရိကန်ဒေါ်လာ၂ရရ သန်း
ရင်းနှီးမြှုပ်နှံလုပ်ဆောင်ရန် ခန့်မှန်းထားပြီး ၂၀၁၄ ဧပြီလမှ
စတင်ဆောင်ရွက် မည့် ကျောက် ဖြူအထူးစီးပွားရေး ဇုန်စီမံကိန်းကို
ဆောင်ရွက်ရာတွင် OIC နိုင်ငံ များအနေဖြင့် တိုက်ရိုက် ဝင်ရောက်
လာနိုင်ဖွယ်မရှိဘဲ အခြားအမည် ခံ၍ ဝင်ရောက်လာ နိုင်ကြောင်း
ရခိုင်တိုင်းရင်းသားများ တိုးတက် ရေးပါတီအတွင်းရေးမှူး ဦးခိုင် ပြည်စိုးက
ပြောသည်။
''OIC ဆိုင်းဘုတ်တွေကို ဖျောက်ပြီး တခြားဆိုင်းဘုတ်တွေ
နဲ့ဝင်လာရင်သာ ဘာလုပ်မလဲဆို တာအရေးကြီးတယ်။ အစိုးရအ နေနဲ့ ပြည်သူတွေကို
ဘယ်လောက် ချစ်တယ်၊ တန်ဖိုးထားတယ်ဆိုရင် ဒီကိစ္စက အစိုးရအပေါ်မှာပဲမူတည် တယ်။
အစိုးရရိုးသားရင် ပြည်သူ တွေ အကျိုးရှိနိုင်မယ်''ဟု ယင်း ကပြောသည်။
ယင်းနှင့်ပတ်သက်၍ ကျောက်ဖြူအထူးစီးပွားရေးဇုန် ဖော်ဆောင်ရေးကော်မတီမှ တာ
ဝန်ရှိသူတစ်ဦးက ''တင်ဒါတင်တာ က တစ်ကမ္ဘာလုံးကတင်ခွင့်ရှိပါ တယ်။
တစ်ကမ္ဘာလုံးက တင်တဲ့ ဟာတွေကို ကျွန်တော်တို့သတ် မှတ်ထားတဲ့
စည်းမျဉ်းစည်းကမ်း တွေအတိုင်း ရွေးချယ်သွားမှာဖြစ် ပါတယ်။ ဒါပေမဲ့
ဒီနေရာမှာ ကျွန် တော်တို့ လိမ္မာပါးနပ်စွာနဲ့ လုပ် ဆောင်သွားမှာပါ'' ဟု
ပြောသည်
မာန်ယုကျော် (ရွှေဝမြေ)
The Yangon Times
No comments:
Post a Comment