ဂျာမနီ Porsche က ထုတ်တဲ့ Porsche 911 ပြိုင်ကားကိုပဲ Singer Vehicle
Design အမည်ရ အမေရိကန်အခြေဆိုက် Tunning ကုမ္မဏီတစ်ခုက စိတ်ကြိုက် ပြောင်းလဲ
ဖန်တီး လိုက်ပါတယ်။
ပုံမှာ မြင်တွေ့နေရတဲ့ဒီဇိုင်းအတိုင်း
ဖြစ်ပါတယ်။ ၁၉၆၀ ကျော်မော်ဒယ်ကား ကို ယနေ့ခေတ် ပုံစံ ပြန်ဖြစ်
အောင်ဖန်တီးထားခြင်း ဖြစ်ပါတယ်။ အင်ဂျင် အရွယ် ၃.၈ လီတာ ရှိပြီး Flat
ပစ်စတင် ၆ လုံးပူး အမျိုး အစားကို အသုံးပြု ထားပါတယ်။ မြင်းကောင်ရေအား
ထုတ်လုပ်နိုင်မှုက ၃၆၀ ပါ။ ဂီယာ ၆ ချက်ထိုး ရိုးရိုး အမျိုးအစားကို
အသုံးပြု ထားပါတယ်။
နှစ်ယောက်စီး ပြိုင်ကားပါ။ တစ်နာရီ မိုင် ၁၈၀
အထိ top speed ပေးစွမ်းနိုင် ပါတယ်။ အမြန်နှုန်းထက် ကားရဲ့  လှပမှုကို အဓိက
ဦးစားပေးတဲ့ကား ဖြစ် ပါတယ်။ Tunning လုပ်တယ်ဆိုတာ အတွင်းက
အင်ဂျင်စွမ်းဆောင် ရည် ကိုရော အပြင်က ဒီဇီုင်းကိုပါ စိတ်ကြိုက်
ဖန်တီးယူခြင်း ဖြစ်ပါတယ်။ ကာလတန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၃
သိန်းအထပ်နဲ့ Porsche 911 Singer ကို ရောင်းချ နိုင်ဖွယ် ရှိကြောင်း
သိရပါတယ်။
.
Ref: autoblog
ColayAutomobile
No comments:
Post a Comment