Samsung ဟာ Galaxy စီးရီးကိုပဲ ထုတ်လုပ်နေခြင်း မဟုတ်ပါ ဘူး။
ခေါက်ဖုန်းဈေးကွက်ကိုလည်း ဆက်လက် ကိုင်တွယ်ထားဖို့ ရည်ရွယ် ချက် ရှိပြီး
Hennessy လို့အမည်ရတဲ့ ခေါက်ဖုန်းကို ထုတ်လုပ်ခဲ့ပြီး ဖြစ် ပါတယ်။ ဒီတစ်ခါ ဖုန်းကတော့ W2014 လို့အမည်ရတဲ့ ခေါက်ဖုန်းပါ။
ခေါက်ဖုန်းဆိုလို့ အထင်သေးလို့ မရပါဘူး။ သူ့မှာ ပါတဲ့ Specification က
လက်ရှိ Samsung Galaxy Note 3 နဲ့ ယှဉ်လို့ ရပါတယ်။ 2.3 GHz quad core
Qualcomm Snapdragon 800 Processor အသုံးပြုထားပြီး Android 4.3 Jelly Bean
OS နဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ နောက်ဘက် ကင်မရာက 13 Megapixel, အရှေ
့မှာက 2 MP ပါဝင်ပြီး ဖုန်း မျက်နှာပြင် အရွယ်စား ကတော့ ၃.၆၇ လက်မရှိပါတယ်။
OLED Display မို့လို အရည်အသွေး လည်း ကောင်းမှာပါ။ ရွှေရောင်အခွံနဲ့
ထုတ်လုပ်ဖန်တီး ထားခြင်း ဖြစ် ပါတယ်။
Samsung ရဲ့  အခြားသော
Feature ပေါင်းများစွာလည်း ပါဝင်လာအုံးမှာပါ။ SM-W2014 လို့အမည်ပေး ထားတဲ့
ယင်း ခေါက်ဖုန်းကို ၂၀၁၃ နှစ်ကုန် မှာ ဈေးကွက် ဖြန့်ချိသွားဖွယ်
ရှိကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham ( TSJ Team )
TechSpace Journal
No comments:
Post a Comment