မြန်မာနိုင်ငံရဲ့ နာမည်ကျော် ပွဲတော်တစ်ခုဖြစ်တဲ့ ပျဉ်းမနားမြို့
နှစ်ကျိပ်ရှစ်ဆူ ဘုရား လှည့်လည်
အပူဇော်ခံတဲ့ပွဲမှာ S.I.R အဖွဲ့ သွားရောက်
ဖျော်ဖြေသွားဖို့ ရှိတယ်လို့ ယင်းအဖွဲ့ဝင် တေးဂီတဝိုင်း တစ်ဝိုင်းဖြစ်တဲ့ Idiots တီးဝိုင်းမှ ပင်တိုင်တေးသံရှင် ရေမွန်က The Voice ကို ပြောပါတယ်။
S.I.R အဖွဲ့အနေနဲ့ ပျဉ်းမနား နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်လည်
အပူဇော်ခံတဲ့ပွဲမှာ အောက်တိုဘာလ ၁၈ ရက်နေ့ နဲ့ ၂၀ ရက်နေ့ နှစ်ရက်
ဖျော်ဖြေသွားမှာ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အထင်ကရပွဲတော် တစ်ခုမှာ ပထမဆုံး
ဖျော်ဖြေရမှာ ဖြစ်တဲ့အတွက် အတွေ့အကြုံသစ်တွေ ရမယ်လို့ မျှော်လင့်ကြောင်း
၎င်းကထပ်လောင်း ပြောကြားပါတယ်။
“ပျဉ်းမနား နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲက
အရမ်းစည်ကားတဲ့ ပွဲတော်တစ်ခုလို့တော့ ကြားဖူးတယ်။ ကျွန်တော်တို့ S.I.R
အဖွဲ့သားတွေထဲမှာ ကိုကျားပေါက်တော့ ဆိုဖူးတယ်။ ကျန်တဲ့သူတွေ အတွက်ကတော့
ပထမဆုံး အတွေ့အကြုံပေါ့။ ပျဉ်းမနား နှစ်ကျိပ်ရှစ်ဆူပွဲက ကားကြီးတွေပေါ်မှာ
ဖျော်ဖြေရေး အဖွဲ့တွေက လိုက်ပါပြီး အပူဇော်ခံ၊ အလှူခံမယ့် နေရာတွေမှာ
ဖျော်ဖြေရတာပေါ့။ ကျွန်တော်တို့ S.I.R အဖွဲ့လည်း ကားတစ်စီးနဲ့လိုက်ပြီး ညနေ
၆ နာရီကနေ မနက်ခြောက်နာရီအထိ ဆိုရမယ်လို့ ပြောတယ်။ ပျော်စရာ ကောင်းမယ်
လို့တော့ ထင်ပါတယ်” လို့ ရေမွန်က ပြောပါတယ်။
ဒီနှစ်အတွင်းမှာ
S.I.R အဖွဲ့သားတွေရဲ့ စီးရီးသစ်တွေ ထွက်လာဖို့ ရှိပြီး နိုဝင်ဘာလ
အတွင်းမှာလည်း S.I.R အဖွဲ့ရဲ့ ရှိုးပွဲတစ်ခုလုပ်ဖို့ ရှိကြောင်း ရေမွန်က
ထပ်လောင်းပြောကြားပါတယ်။
The Voice Weekly
No comments:
Post a Comment