Slumdog Millionaire ဇာတ်ကားတွင် အတူတွဲဖက် သရုပ်ဆောင်ရင်း ချစ်သူများ
ဖြစ်ခဲ့ကြသည့် အိန္ဒိယဖွား စုံတွဲသည်
(၄)နှစ်ကြာသည်အထိ ဆက်ဆံရေး ခိုင်မာ
နွေးထွေးနေဆဲ ဖြစ်သည်။
ခိုင်မာသော အချစ်ရေးကို တည်ဆောက်ထားနိုင်ဆဲ Slumdog Millionaire
စုံတွဲဖရီဒါပင်တိုနှင့် ဒက်ဗ်ပက်တဲလ်တို့ ချစ်သူနှစ်ဦး သည် လော့စ်အန်
ဂျလိစ်တွင် အတန်ငယ် သိုသိုဝှက်ဝှက် ဈေးဝယ်ထွက်ခဲ့ကြသည် ကို ဟောလီးဝုဒ်
ပါပါရာဇီများက အမိအရ မှတ်တမ်းတင် ဓာတ်ပုံရိုက် ယူနိုင်ခဲ့သည်။ Slumdog
Millionaire ဇာတ်ကားတွင် အတူတွဲဖက် သရုပ်ဆောင်ရင်း ချစ်သူများ
ဖြစ်ခဲ့ကြသည့် အိန္ဒိယဖွား စုံတွဲသည် (၄)နှစ်ကြာသည်အထိ ဆက်ဆံရေး ခိုင်မာ
နွေးထွေးနေ ဆဲ ဖြစ်သည်။ အသက်(၂၈)နှစ်ရှိ ဖရီဒါသည် အရောင်အသွေး စုံလင်သည့်
ဂါဝန်ဖြင့် လှပကျော့ရှင်းနေပြီး သူမထက် (၅)နှစ်ငယ်သော ဒက်ဗ်သည် လည်း
ရှပ်အင်္ကျီအဖြူ၊ ဂျင်းဘောင်းဘီတို့ဖြင့် ခန့်ခန့်ညားညား ရှိနေသည် ကို
တွေ့ရသည်။ ၎င်းတို့ နှစ်ဦးသည် ကျန်းမာရေးနှင့် ညီညွတ်စေရန်
စီမံထုတ်လုပ်ထားသည့် ပစ္စည်းများ ရောင်းချသော ကုန်စုံဆိုင် တစ်ခု တွင် ဈေး
ဝယ်နေကြခြင်း ဖြစ်သည်။
ဘောလီးဝုဒ်မှ ဟောလီးဝုဒ်သို့
ကူးပြောင်းလာသူ နှစ်ဦးအနက် ဖရီဒါက ပိုမို၍ အောင်မြင်သည်ဟု ယူဆနိုင်သည်။
သူမသည် မကြာသေးမီက ဘရူနိုမားစ်၏ ဂီတဗီဒီယို တစ်ခုတွင် ညှို့အားပြင်းပြင်း
ပုံရိပ်မျိုးဖြင့် ပါဝင် သရုပ်ဆောင်ခဲ့သေးသည်။ သူမသည် Slumdog Millionaire
ဇာတ်ကားနောက်ပိုင်းတွင် Rise of the Planet of the Apes၊ Immortals
အစရှိသည့် ဟောလီးဝုဒ် နာမည်ကျော် ရုပ်ရှင်များ၌လည်း ခေါင်းဆောင်မင်း
သမီးအဖြစ် ပါဝင်ခွင့် ရခဲ့သည်။
(၂၀၀၈)ခုနှစ် ကတည်းက ချစ်သူများ
ဖြစ်ခဲ့သည့် ဖရီဒါနှင့် ဒက်ဗ်တို့သည် ယနေ့တိုင် ခိုင်မာသော ဆက်ဆံရေးကို
တည်ဆောက်ထားဆဲ ဖြစ်သည်။ မကြာသေးမီက အင်တာဗျူး တစ်ခုတွင် ၎င်းတို့ နှစ်ဦးက
နေ့စဉ်နေ့တိုင်း သည် မိမိတို့အတွက် Valentine's Day ဖြစ်နေကြောင်း ညွှန်းဆို
ပြောကြား ခဲ့ဖူးသည်။ ဖရီဒါက "ကျွန်မကတော့ Valentine's Dayကို အလေးအ နက်
ထောက်ခံသူ တစ်ယောက်တော့ မဟုတ်လောက်ဘူး"ဟု ဆိုသည်။ ဒက်ဗ်ကလည်း "တကယ်ဆိုရင်
ကျွန်တော်တို့အတွက် နေ့တိုင်းက Valentine's Day ဖြစ်နေသင့်တာပဲလေ"ဟု
ထောက်ခံ ပြောဆိုခဲ့သည်။
Planet Myanmar Network
No comments:
Post a Comment