Touch Screen ဖုန်း၊ Tablet နဲ့ အခြား Portable Electronic Device
တွေကိုတော့ ကမ္ဘာတစ်လွှားမှာ ရင်းနှီးနေ ကြပါပြီ။ ဒါပေမဲ့
ထိတွေ့ပြောင်းလဲလိုရတဲ့ Touch Panel
ပါရှိတဲ့ကားရှိပါတယ်ဆိုရင်တော့ အံ့သြစရာ ဖြစ်ပါလိမ့်မယ်။
၂၀၁၁ခုနှစ် နိုဝင်ဘာ၂၈ ဂျပန်နိုင်ငံ တိုကျိုမြို့ မှာကျင်းပပြုလုပ်ခဲ့တဲ့
၄၂ကြိမ်မြောက် တိုယိုတာကားပြပွဲမှာ ပွဲထုတ်ခဲ့တဲ့ Touch Panelသုံး Fun Vii
အမည်ရကားဟာ မော်တော်ကားနည်းပညာ လောကကို အံ့အားသင့်သွားစေ ပါတယ်။
ကားကိုစမတ်ဖုန်း Tablet စတာတွေနဲ့ချိတ်ဆက်နိုင်မယ် အင်တာနက်မှ Wallpaper ,
ရောင်စုံကာလာ ဒီဇိုင်းများကို Download ဆွဲပြီးကားရဲ့ အရောင်ကို
ပြောင်းလဲယူလိုရပါတယ်။ပြီးတော့ကားမှာ အသုံးပြု ထားတဲ့ software ကိုလည်း
update လုပ်နိုင်ပြီး ယင်းTouch Panel အပေါ်ပေးစွမ်းမဲ့ ၀န်ဆောင်မှု
အသစ်တွေကိုရရှိ ဦးမှာဖြစ်ပါတယ်။
လောလောဆယ်ဆယ်ကတော့ ကာလာဒီဇိုင်း
မှာသာအလုပ်လုပ်ပါသေးတယ်။နောက်ဒီထက် အဆင့်မြင့် ပြီးထိတွေ့မောင်းနှင့်ရလောက်
တဲ့အထိမောင်းနှင်ရလောက်တဲ့ အထိဆင့်မြင့်ပြီး ထိတွေ့မောင်းနှင်ရ လောက်တဲ့
အဆင်မြင့် မှာဖြစ်တယ်လို သိရပါတယ်။
လက်ရှိ Fun Vii ကားကိုဒီဇင်ဘာ
၃ရက်မှာစတင်ရောင်းချ မှာဖြစ်တယ်လို သိရပါတယ်။ ကားရဲ့အသေးစိတ်
အပိုင်းတွေကတော့ ထုတ်လုပ်နေကျ တိုယိုတာကားများရဲ့ Function
တွေအတိုင်းပဲဖ်ြပါတယ်။ဘော်ဒီအ တွင်းအပြင်ကတော့
နည်းပညာအလွှာကြီးတစ်ခုဖြစ်သွားတယ်ပေါ့။
အော် ဒီTouch Panel ကားကိုဈေးနှုန်းဘယ်လောက် နဲ့ရောင်းချမယ်ဆိုတာ ကိုတော့ကြေညာထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။
Myanmar ICT
No comments:
Post a Comment