အာဂျင်တီးနား နိုင်ငံမှ လက်ဝှေ့မယ် အီရီကာဖာရီယက်စ်သည် ဆန်တာဖီမြို့ရှိ
အမေရိကန်စ ပေါ့ကလပ် ကြိုးဝိုင်း၌ အောက်တိုဘာ ၄ ရက်က ယှဉ်ပြိုင်
ထိုးသတ်ခဲ့သော WBC လိုက် ဝိတ်တန်း ချန်ပီယံ ပြိုင်ပွဲတွင် အမေရိကန်
လက်ဝှေ့မယ် မေရီမက်ဂီးအား အနိုင်ထိုး သတ်ကာ သူမ၏ ချန်ပီယံ ခါးပတ်ကို ကာကွယ်
နိုင်ခဲ့ကြောင်း သိရသည်။
၎င်းအာဂျင်တီးနား လက်ဝှေ့မယ်သည် အဆိုပါ
ပွဲစဉ်၌ မက်ဂီးအား ၁ဝ ချီမြောက်တွင် ဒိုင် အဆုံးအဖြတ်အမှတ်ဖြင့် အနိုင်
ရရှိခဲ့ခြင်း ဖြစ်သည်။
ဗျူနိုအေးရိစ်မြို့သူ ဖာရီယက်စ်သည် သူမ၏
ကိုယ်အလေးချိန် လျော့ကျမှုကို အထောက်အကူ ဖြစ်စေရန် လက်ဝှေ့ ကစားရာမှ အဆိုပါ
လောကသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။
လက်ဝှေ့ကစားခြင်းသည်
သူမအားများစွာ ဆွဲဆောင်နိုင်ပြီး အလွန် လွတ်လပ် ပေါ့ပါး မှုရှိစေသည် ဟုလည်း
ခံစားမိကြောင်း သူမက ပြောကြားထားသည်။ သူမ၏ မိခင်သည် လက်ဝှေ့ ထိုးခြင်း ကို
အားပေးခြင်း မရှိသော်လည်း ဖခင်ဖြစ်သူမှာ အားပေး ခဲ့ကြောင်း၊ သူမသည်
အပျော်တမ်း လက်ဝှေ့မယ် တစ်ဦး အဖြစ်ဖြင့် လက်ဝှေ့ လောကသို့ စတင် ဝင်ရောက်လာ
သူဖြစ်ကြောင်း သိရသည်။
မြ၀တီ
No comments:
Post a Comment