၂၀၁၄ ခုနှစ်မော်ဒယ် အမေရိကန် General Motors ထုတ် Chevrolet Corvette
Stingray ပြိုင်ကားဟာ ဆုတံဆိပ် များစွာ ရရှိပြိး ယခု နောက်ဆုံး
ရရှိ
လိုက်တဲ့ဆုတံဆိပ် ကတော့ Performance Car of the Year ဆု ဖြစ်ပါတယ်။
အမေရိကန်က Road and Track မဂ္ဂဇင်းမှ ပေးတာပါ။ နောက်ထပ် အမေရိကန် အခြေဆိုက်
Automobile Magazine က ပေးတဲ့ Automobile of the Year ဆိုကိုလည်း
ရရှိထားတဲ့ကား ဖြစ်ပါတယ်။ အင်ဂျင် အရွယ် ၆.၂ လီတာ ရှိပြီး ဆလင်ဒါ ၈ လုံးပူး
V အင်ဂျင်တပ် ပြိုင်ကား ဖြစ် ပါတယ်။ မြင်းကောင်ရေအား ထုတ်လုပ်နိုင်မှုက
၅၉၀ အထက်မှာ ရှိပြီး တစ်နာရီ မိုင် ၁၉၀ ကျော်အထိ Top Speed တင်နိုင်တဲ့ ကား
ဖြစ်ပါတယ်။ ဒီဇီုင်းဘက်မှာလည်း ပြောစရာ မရှိလောက်အောင် ထူးခြား လှပနေတကို
မြင်တွေ့ ရမှာပါ။
တံခါး ၂ ပေါက်ပြိုင်ကားတွေထဲမှာ Corvette ရဲ
့ထူးခြားချက်က Muscle Car Culture ကိုပြန်လည် ဆွဲယူခြင်း ဖြစ်ပါတယ်။ Ford
ကထုတ်တဲ့ Mustang ဆိုရင် ပြိုင်ကားဆိုပေမယ့် Muscle Car မျိုးနွယ်ထဲကို
ဝင်ပါတယ်။ Covertte Stingray ရဲ့  ထူးခြားချက်က ပြိုင်ကားရော၊ Muscle ကားပါ
ပေါင်းစပ်ယူတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ Muscle ကားက ဟိုင်းဝေးလမ်းမှာ
မောင်းနှင်မယ့် အကြမ်းခံ ပြိုင်ကားမျိုး ဖြစ်ပြီး Sport Car ကတော့ လမ်းချော
သုံး ကားပါပဲ။ Covertte ကျတော့ ဒီ ပုံစံ ၂ မျိုးစလုံးကို ယူထားပါတယ်။
လမ်းအကြမ်းလည်း မောင်းနှင် နိုင်သလို၊ အမြန်လည်း ပြေးတဲ့ ပြိုင် ကား
ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် မော်ဒယ် Chevrolet Corvette Stingray ကို စတင်ရောင်း ချတော့မှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: autoblog
Aung Kham ( www.colay.com.mm )
No comments:
Post a Comment