လှည်းတန်းမီးပွိုင့်အနီးကားပိတ်သည့် ဓာတ်ပုံရိုက်နေသော သတင်းထောက်အား
အဓိပတိအနီမှ ယာဉ် နောက်လိုက်က ဆဲဆို၍ သံပိုက်လုံးဖြင့် ရင်ဘတ်အား
ထိုးရိုက်ရန်ပြင်
ခဲ့ကြောင်း B2B မဂ္ဂဇင်းနှင့် Acuman english မဂ္ဂဇင်းမှ ကာယကံရှင် သတင်းထောက် ကိုဟိန်းဇော်ကပြောကြားသည်။
“ကျွန်တော်အစတုန်းက လမ်းပိတ်တဲ့ပုံကို ရိုက်နေတာ
လေးငါးခြောက်ပုံလောက်ရှိပြီ။ ဒါပေမယ့် ကျွန်တော်အဲဒီ့
အဓိပတိအနီနားရောက်တော့ ကျွန်တော် လမ်းပိတ်တဲ့ပုံကိုထပ်ရိုက်တယ်။
အဲဒီ့အချိန်မှာပဲ ကျွန်တော့်ကို ကားပေါ်က ဆင်းလာပြီး ပြဿနာရှာတော့တာပဲ”ဟု
၎င်းကပြောကြားသည်။
လှည်းတန်းမီးပွိုင့်အနီး နံနက်
၈နာရီခွဲအချိန်ခန့်က အဓိပတိယာဉ်နောက်လိုက်နှင့် သတင်းထောက်
ကိုဟိန်းဇော်တို့ အချင်းများကြရာတွင် အဓိပတိယာဉ်နောက်လိုက်က
“မင်းတို့သတင်းထောက်တွေက ကား တွေကို ဓာတ်ပုံရိုက်ချင်တိုင်းရိုက်၊ ပြီးရင်
ရေးချင်တာရေးတဲ့အကောင်တွေ”ဟုပြောဆိုပြီး ၎င်း၏ကားပေါ်မှ သတင်းထောက်
ကိုဟိန်းဇော်အား ဆဲဆိုနေသည်ကို မဆဲဆိုရန် ကိုဟိန်းဇော်က ပြောကြားခြင်းအား
၎င်းမှ မကျေနပ်သဖြင့် ကားပေါ်ရှိ ချိုင့်ထောက်သံပိုက်လုံးဖြင့် ဆင်းလာကာ
ကိုဟိန်းဇော်၏ရင်ဘတ်အား ထောက်၍ ရိုက်ရန်ပြင်ခဲ့ပြီး အနီးနားရှိသူများမှ
ဝိုင်းဆွဲရာမှ ပြီးသွားကြောင်း အချင်းဖြစ်ပွားရာနေရာမှသိရသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ပါရမီသယ်ယူပို့ဆောင်ရေးဌာန အား မေးမြန်းသော်လည်း
၎င်းတို့အနေနှင့် ညှိနှိုင်းဆွေးနွေးဆဲ သာရှိသေးကြောင်း၊ယင်းကိစ္စအား
မည်သို့လုပ်ဆောင်ပေးမည်ဟု ယခုအချိန်ထိ မဆုံးဖြတ်ရ သေးကြောင်း
ပါရမီသယ်ယူပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
ယင်းဖြစ်စဉ်ကို ကမာရွတ်ရဲစန်းမှ ရဲတစ်ဦးအပါအ၀င် သတင်းထောက်ကိုဟိန်းဇော်အား
ရန်ကုန် ဆေးရုံကြီးသို့သွားရောက်ဆေးစစ်ခဲ့ပြီး၊ ကမာရွတ်ရဲစခန်းမှ
အမှုအမှတ်စဉ် ၅၃၉/၂၀၁၃ဖြင့် တရားရုံးသို့ ဦးတိုက် လျှောက်ထားစေခဲ့ကြောင်း
ကမာရွတ်ရဲစခန်းမှသိရသည်။
သတင်းေ၇းသူ-ဇော်မျိုး
People power
No comments:
Post a Comment