လတ်တလော အခြေအနေများအရ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး
ဆုံးဖြတ်ချက်ထွက်ပေါ်လာပါက လွှတ်တော်ကို ဖျက်သိမ်းပြီး ယင်လတ်
ဝန်ကြီးချပ်ရာထူးမှ ဆင်းပေးရဖွယ်ရှိကာ ထိုင်းနိုင်ငံမှာလည်း မတည်ငြိမ်မှုများ ပေါ်ပေါက်လာနိုင်
ထိုင်းဝန်ကြီးချုပ်က အခြေခံဥပဒေခုံရုံးဆုံးဖြတ်ကို စောင့်ဆိုင်းကြရန်
ပြောကြားထိုင်းဝန်ကြီးချုပ် ယင်လတ်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏
ဆုံးဖြတ်ချက် ထွက်ပေါ်မလာမီ ဆူပူမှုများမပြုလုပ်ဘဲ ငြိမ်သက်စွာ နေထိုင်ကြရန်
အင်္ဂါနေ့က တိုက်တွန်းလိုက်သည်။ လတ်တလော အခြေအနေများအရ
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဆုံးဖြတ်ချက်ထွက်ပေါ်လာပါက လွှတ်တော်ကို
ဖျက်သိမ်းပြီး ယင်လတ် ဝန်ကြီးချပ်ရာထူးမှ ဆင်းပေးရဖွယ်ရှိကာ
ထိုင်းနိုင်ငံမှာလည်း မတည်ငြိမ်မှုများ ပေါ်ပေါက်လာနိုင်သည်။
ဝန်ကြီးချုပ်ယင်လတ်က သူမအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက
ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မချမှတ်မီ ရာထူးမှ နုတ်ထွက်မည်မဟုတ်ကြောင်း
အခိုင်အမာ ပြောကြားထားသည်။
ယင်လတ်၏အစိုးရအဖွဲ့မှာ
နိုင်ငံရေးလွတ်ငြိမ်းချမ်းသာခွင့် ဥပဒေပြဌာန်းရန် ကြိုးပမ်းခဲ့ပြီးနောက်
ပြည်သူလူထု၏ ကန့်ကွက်ဆန္ဒပြမှုများကို တွေ့ကြုံနေရသည်မှာ ရက်သတ္တပတ် ၃
ပတ်နီးပါးကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထိုဥပဒေကို အတည်ပြု ပြဌာန်းလိုက်ပါက
ယင်လတ်၏အကိုဖြစ်သူ ယခင် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်မှာ နိုင်ငံသို့
တရားဝင် ပြန်လာနိုင်မည်ဖြစ်သည်။ စိတ်ခံစားမှုအရ တစ်ဖက်နှင့်တစ်ဖက်
တိုက်ခိုက်မှုများ မပြုလုပ်ကြရန်နှင့် ခုံရုံး၏ဆုံးဖြတ်ချက်ကို
စောင့်ဆိုင်းကြရန် ဝန်ကြီးချုပ်ယင်လတ်က အတိုက်အခံနှင့် အစိုးရကိုထောက်ခံသော
အုပ်စုများကို ပြောကြားသည်။ ထိုင်းနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လက်ရှိ
နိုင်ငံရေး အကျပ်အတည်းနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၏
ဆုံးဖြတ်ချက်ကို ယနေ့ (နိုဝင်ဘာ ၂၀ ရက်၊ ဗုဒ္ဓဟူး) တွင် ချမှတ်မည်ဖြစ်သည်။
Planet Myanmar Network
No comments:
Post a Comment