ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်ရပ်နားစခန်းများ လုံလောက်စွာ မရှိသေးသည့် အချိန်တွင်
ဖယ်ရှားအရေးယူမှု များကြောင့်ရပ်
ကွက်များရှိ လမ်းကျဉ်းများ၌
ယာဉ်ကြောပိတ်ဆို့များ ပိုမိုဖြစ်
ပွားနေကြောင်း ရန်ကုန်မြို့ နေသူများနှင့်
တာဝန်ရှိသူအချို့က ပြောကြားခဲ့သည်။
ယခုကဲ့သို့
ရပ်ကွက်များအတွင်းရှိ လမ်းများတွင် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားနေရသည့်
အကြောင်းအရင်းများအနက် ယာဉ်ရပ်နားစခန်းများ လုံလောက်စွာ မရှိသေးခြင်းမှာ
အဓိကဖြစ်နေပြီး လမ်းဘေးဈေးသည်များနှင့် စည်းကမ်းမဲ့
ယာဉ်ရပ်နားထားခြင်းများကြောင့် ယခုရက်ပိုင်းတွင် ပိုမိုပိတ်ဆို့မှု
ဖြစ်ပွားလာကြောင်း ရပ်ကွက်နေသူ ပြည်သူများက ပြောကြားခဲ့သည်။
''မဟာဗန္ဓုလလမ်းမှာ ရပ်နေတဲ့ ယာဉ်တွေကို ကရိန်းယာဉ်တွေနဲ့ ဖယ်ရှားပြီး
အရေးယူနေတာက လုပ်သင့်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရပ်ကွက်မှာ
ယာဉ်တွေရပ်နားဖို့ ကားပါကင်မရှိဘူး။ ကားတွေပိုင်ဆိုင်တဲ့ မိသားစုတွေ
များလာတယ်။ ဒါ့အပြင် မဟာဗန္ဓုလ လမ်းမပေါ်မှာ ဖွင့်ထားတဲ့ ဆိုင်တွေကိုလာတဲ့
ကားတွေကလည်း ရပ်ဖို့မရှိတော့ လမ်းထဲမှာပဲ တချို့ကားတွေ လာရပ်ကြတယ်။
အဲဒီတော့ လမ်းကကားတွေပိုပြီး ပိတ်ဆို့မှု ဖြစ်လာတယ်။
ကားဟွန်းတီးသံတွေကြောင့် ပိုပြီးဆူညံလာတယ်။ တိုက်ခန်းတွေမှာလည်း
ကားပါကင်တွေ မရှိတဲ့အတွက် ပိုပြီးပိတ်ဆို့ နေပါတယ်'' ဟု
ကျောက်တံတားမြို့နယ် မဟာဗန္ဓုလ ပန်းခြံလမ်းတွင် နေထိုင်သူ ကိုအောင်နိုင်က
ပြောကြားခဲ့သည်။
စည်ပင်လမ်းတွင် နေထိုင်သူ ဦးမောင်ဇော်က
''ကျွန်တော်တို့ တိုက်ခန်းရှေ့မှာ ကားတွေက နှစ်ထပ်လောက် ဆင့်ပြီးတော့
လာရပ်ထားတဲ့ အတွက် အပြင်သွားတဲ့ အခါကျရင် ကားထွက်ဖို့ အတော်လေးကို အခက်အခဲ
ရှိပါတယ်။ မြေညီထပ်အောက်မှာ ဖွင့်ထားတဲ့ ဈေးဆိုင်တွေက အရှေ့မှာကားမရပ်ဖို့
ကာရံထားတာတွေ လုပ်ထားတဲ့အတွက် လမ်းမအလယ်မှာပင် ကားရပ်ထားပြီးတော့
ကိုယ်သွားလိုတဲ့ နေရာတွေ အချိန်ကြာကြာ သွားတဲ့အခါကျတော့ ပိုပြီးလမ်းတွေ
ပိတ်ဆို့လာပါတယ်။ အဓိကကတော့ ကားရပ်နားဖို့ ပါကင်တွေ မရှိတာပါဘဲ။
ရုံးဆင်းရုံးတက် ချိန်မှာဆိုရင် ပိုပြီးတော့ရှုပ်ပါတယ်'' ဟု ၎င်း၏ကြုံတွေ့
နေရမှုအား ပြောကြားခဲ့သည်။
ယာဉ်မရပ်ရအဖြစ် သတ်မှတ်ထားသော လမ်း ၃၇
လမ်းတွင် ကရိန်းယာဉ်များဖြင့် ဖယ်ရှားနေမှုကြောင့် စည်းကမ်းမဲ့
ယာဉ်ရပ်နားမှုများ အနည်းငယ် ဖြေလျော့သွားကြောင်း မထသဗဟိုဥက္ကဋ္ဌ ဦးလှအောင်က
ဆိုသည်။
မဟာဗန္ဓုလလမ်းမှာ ရပ်နေတဲ့ ယာဉ်တွေကို ကရိန်းယာဉ်တွေနဲ့
ဖယ်ရှားပြီး အရေးယူနေတာက လုပ်သင့်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရပ်ကွက်မှာ
ယာဉ်တွေရပ်နားဖို့ ကားပါကင်မရှိဘူး။ ကားတွေပိုင်ဆိုင်တဲ့ မိသားစုတွေ
များလာတယ်။ ဒါ့အပြင် မဟာဗန္ဓုလ လမ်းမပေါ်မှာ ဖွင့်ထားတဲ့ ဆိုင်တွေကိုလာတဲ့
ကားတွေကလည်း ရပ်ဖို့မရှိတော့...
ဆက်လက်၍ ''ဒီအစီအစဉ်ကို
အကောင်အထည်ဖော်တာ ရက်ပိုင်းပဲ ရှိပါသေးတယ်။ ယာဉ်သွား လမ်းမကြီးတွေကို
အပြည့်အ၀အ သုံးချနိုင်ဖို့ အတွက်နဲ့ ယာဉ်ကြောပိတ်ဆို့မှု
တွေလျော့ကျဖို့အတွက် အခုလိုအရေးယူနေရခြင်း ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့
အခါမှာလည်း တစ်ဖက်ကကောင်းသလို အခက်အခဲ အချို့ကိုလည်း တစ်ဖက်က တွေ့ကြုံရမှာ
ဖြစ်ပါတယ်။ အခုမှစပြီး လုပ်နေရတဲ့အတွက် အခုဖြစ်ပေါ်နေရတဲ့ အခြေအနေတွေကို
သုံးသပ်ဖို့ စောပါသေးတယ်'' ဟု ဦးလှအောင်က ဆက်လက် ပြောကြားခဲ့သည်။
ရန်ကုန်မြို့အတွင်း ကုန်ပစ္စည်းလိုက်လံ ပို့ဆောင်နေသူ ကိုနန်းက ''အခုက
ဂျာအေး သူ့အမေရိုက် ဖြစ်နေတယ်။ လမ်းမပေါ်မှာ ယာဉ်တွေက မရပ်ရတော့
လမ်းကြားထဲဝင်ရပ်။ အဲဒါဒီအခါ လမ်းကြားတွေမှာလည်း ယာဉ်တွေက
နှစ်ထပ်ပြန်ဖြစ်နေတယ်။ အဲဒီအတွက် လမ်းကြားထဲကို ပစ္စည်းလိုက်ပို့တဲ့အခါ
အခက်အခဲ ဖြစ်နေပြန်တယ်'' ဟု ဆိုသည်။
အလားတူ ''လမ်းမကြီးတွေပေါ်မှာ
ရှင်းတာလည်း နေရာအနှံ့အပြား မရောက်သေးတဲ့အတွက် ယာဉ်ကြောကျပ်မှုတွေ
ရှိနေသေးတယ်။ နောက်ပြီး ဖမ်းမယ်ဆိုတဲ့ အတွက်ကြောင့်လည်း တချို့ကားတွေက
လမ်းကြိုလမ်းကြားတွေထဲ ၀င်ရပ်တယ်။ အဲဒီအတွက် လမ်းကြားတွေမှာလည်း
ကျပ်နေတယ်'' ဟု ရန်ကုန်မြို့တွင် ယာဉ်မောင်းနှင်သူ ကိုဇော်ကလည်း ဆိုသည်။
ယင်းကဲ့သို့ ရပ်ကွက်များရှိ လမ်းကျဉ်းများတွင် ယာဉ်ပိတ်ဆို့မှု
ဖြစ်ပေါ်နေမှုနှင့် ပတ်သက်၍ ''ကရိန်းယာဉ်တွေနဲ့ ဖယ်ရှားအရေးယူနေတဲ့
အစီအစဉ်ကတော့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုအမိန့်နဲ့
ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကြောင့် ကောင်းတာရှိသလို ဆိုးတာတွေလည်း
ရှိတယ်။ ဒါပေမဲ့ ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေကို အကောင်းဆုံး
ဖြေရှင်းပေးသွားမှာပါ'' ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊
လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က နိုဝင်ဘာ ၁၄ ရက်
ညနေပိုင်းတွင် ပြောကြားခဲ့သည်။
ရန်ကုန်မြို့တွင်
ကားပါကင်လုံလောက်စွာ မရှိခြင်းကြောင့် လမ်းကျဉ်းများ၌ ယာဉ်များပိတ်ဆို့မှု
ဖြစ်ပွားနေရသည့်အတွက် နေရာလွတ်များတွင် ကားပါကင်များ
ပြုလုပ်ပေးရန်လိုအပ်ကြောင်း ရထားရဲတပ်ဖွဲ့က ရဲမှူးဝင်းမောင်က
သုံးသပ်ပြောကြားခဲ့သည်။
ရန်ကုန်မြို့အတွင်း မော်တော်ယာဉ် အစီးအရေ
သုံးသိန်းကျော်ရှိနေပြီး ၎င်းအနက် ကိုယ်ပိုင်ယာဉ်မှာ အများဆုံး ဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားခဲ့သည်။
Eleven Media Group
No comments:
Post a Comment