၂၀၁၂ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုရှင်များ အဖြစ် မြန်မာ့အသံ
က
ကြေညာသွားပါပြီ။ စာရေးဆရာမကြီး
ဒေါ်ခင်ဆွေဦး၊ ဆရာကြီး ဦးအောင်သင်းနဲ့
ဆရာကြီး ဦးတင်မောင် ( သိပ္ပံမှူးတင်) တို့ကို ကို ၂၀၁၂ ခုနှစ်အတွက် တသက်တာ စာပေဆုရှင်တွေအဖြစ် ကြေညာသွားခဲ့ပါတယ်။
"အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင်
မြန်မာ စာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံး အားထုတ်ရေးသားပြုစု ခဲ့သော
ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသောအားဖြင့် ဆရာမကြီး
ဒေါ်ခင်ဆွေဦး (ခင်ဆွေဦး)၊ ဆရာကြီး ဦးအောင်သင်း (အောင်သင်း) နှင့် ဆရာကြီး
ဦးတင်မောင် (သိပ္ပံမှူးတင်)တို့အား ၂၀၁၂ ခုနှစ် အတွက် အမျိုးသားစာပေ
တစ်သက်တာဆုရှင်များ အဖြစ် ရွေးချယ်ချီးမြှင့်လိုက်သည်" ဟု
နိုင်ငံပိုင်မီဒီယာ များက ကြေညာသွားခဲ့တာပါ။ ခေတ်
အခုလို
စာရေးဆရာကြီး၊ ဆရာမကြီးတွေကို တသက်တာ စာပေဆု ရွေးချယ်
ချီးမြင့်လိုက်ခြင်းဟာ အရင်ခေတ်တွေတုန်းကလို မတူပဲ အလွန် ထိုက်တန်တဲ့
ဆုချီးမြှင့်မှုအဖြစ် ရန်ကုန် စာပေ အသိုင်းအဝိုင်း နဲ့
မြန်မာစာပေချစ်မြတ်နှိုးသူတွေက ပြောဆိုဂုဏ်ယူနေကြောင်းလည်း သိရပါတယ်။
ဆရာကြီး အောင်သင်း၊ ဆရာမကြီး ဒေါ်ခင်ဆွေဦး၊ ဆရာကြီး ဦးတင်မောင်( သိပ္ပံမှူးတင်)
ဧရာဝတီ
No comments:
Post a Comment