General
Motor မှ ထုတ်လုပ်သော Chevorlet အမျိုးအစား မော်ဒယ် အသစ်ဖြစ်သော Duramax
Trailblazer အား မြန်မာနိုင်ငံသို့ လာရောက်
မိတ်ဆက် သည့် အစီအစဉ်တရပ်ကို
သိရသည်။ ယင်းအစီအစဉ် အား Chevorlet အမျိုးအစား မော်ဒယ် အသစ်ဖြစ်သောDuramax Trailblazer မော်တော်ယာဉ်များဖြင့် ၂၀၁၃ ခုနှစ်နိုဝင်ဘာလ
၁၁ ရက်နေ့ မှ စတင်၍ နိုဝင်ဘာလ ၁၂ ရက် နေ့ အထိမြန်မာနိုင်ငံ၏ အထင်ကရ
ဒေသများသို့ လာရောက်စမ်းသပ်မောင်းနှင်ခဲ့ကြသည်။ မြန်မာနိုင်ငံမှ မီဒီယာများ၊
ထိုင်းနိုင်ငံမှ မီဒီယာများ၊ ယာဉ်မောင်းများ၊ အထောက်အကူပြု အဖွဲ့ များ စုစုပေါင်း
၂၄ ဦးပါဝင်ဆင်နွှဲခဲ့ကြပြီး နိုဝင်ဘာလ ၁၁ ရက်နေ့ တွင် ပုဂံမြို့ မှ စတင်မောင်း
နှင်၍ နေပြည်တော်နှင့်ရန်ကုန်မြို့ သို့ လာရောက်စမ်းသပ်မောင်းနှင်ခဲ့ကြောင်းသိရသည်။
ယင်းChevorlet အမျိုးအစား မော်ဒယ် အသစ်ဖြစ်သော Duramax Trailblazer အား ၂၀၁၄ နှစ်ဆန်းပိုင်းတွင် မြန်မာနိုင်ငံတွင်စတင်ရောင်းချပေးသွားမည်ဖြစ်သည်။
Photo by K0M
Popular Myanmar News Journal

No comments:
Post a Comment