မောင်တောခရိုင် ဘူးသီးတောင်မြို့နယ်
အား ဝေးလံခေါင်ပါးဒေသအဖြစ် သတ်မှတ်
ကာ နိုင်ငံ့ဝန်ထမ်းများအား
လစာနှစ်ဆ တိုးမြှင့်ခံစားခွင့် ပြုလိုက်ပြီဖြစ်ကြောင်းနှင့်
အောက်တိုဘာ ၃၁
ရက်မှ စတင်ကာ လစာနှစ်ဆ ရရှိနေကြပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
ဘူးသီးတောင်မြို့နယ်သည် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဘင်္ဂလားဒေ့ရှ် နယ်စပ်
မောင်တောခရိုင်အတွင်း ပါဝင်ပြီး ရေလမ်းခရီး တစ်ခုတည်းကိုသာ အားထား
သွားလာရသည့် ဒေသတစ်ခု ဖြစ်ကြောင်းနှင့် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့်အပြင်
ဘင်္ဂါလီ အများစုရှိနေသည့် မြို့နယ်ဖြစ်၍ ၀န်ထမ်းများအတွက် အခက်အခဲရှိသည့်
မြို့နယ်တစ်ခု ဖြစ်ကြောင်းလည်း သိရသည်။ ဘူးသီးတောင်မြို့နယ်သို့
မယူမြစ်ကြောင်းသွား သင်္ဘောဖြင့်သာ ခရီးသည်နှင့် ကုန်စည်များအား
တင်ပို့နေရပြီး ကုန်ဈေးနှုန်းမှာ မောင်တောမြို့နယ်ကဲ့သို့ မြင့်မားသည့်
ဒေသဖြစ်ကြောင်း၊ မြို့နယ်အတွင်း တာဝန် ထမ်းဆောင်လျှက်ရှိသည့်
နိုင်ငံ့ဝန်ထမ်း အရေအတွက်မှာ တစ်ထောင်ကျော်ခန့် ရှိကြောင်း သိရသည်။
"အောက်တိုဘာလကုန်မှာပဲ လစာစ်ဆ တိုးမြှင့်ရပါတယ်။ ဘူးသီးတောင်မြို့ဟာ
မောင်တောခရိုင်အတွင်းက လစာနှစ်ဆရတဲ့ နောက်ဆုံးမြို့ ဖြစ်ပါတယ်။ တခြား
မောင်တောမြို့နယ်နဲ့ တောင်ပြိုမြို့နယ်ခွဲ ကိုလည်း ဝေးလံခေါင်ပါး ဒေသအဖြစ်
သတ်မှတ်ခဲ့ပြီးပါပြီ။ ကုန်ဈေးနှုန်းတွေ တခြားမြို့နယ်တွေထက်
နှစ်ဆမြင့်မားနေတဲ့ မောင်တောခရိုင်မှာ အခုလို လစာနှစ်ဆရမှပဲ ၀န်ထမ်းတွေ
အဆင်ပြေမှာ ဖြစ်ပါတယ်။ နောက်ပြီး အရေးကြီးတဲ့ တစ်ချက်ကတော့ ဘင်္ဂါလီရွာတွေမှာ
တာဝန်ထမ်းဆောင်နေတဲ့ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေးဝန်ထမ်းတွေကို ပိုမို
ဂရုစိုက်ဖို့နဲ့ သူတို့တွေရဲ့ အခက်အခဲကို စာနာဖို့ လိုပါတယ်"ဟု ဘူးသီးတောင်
မြို့နယ်၊ ချောင်းဖျား တောင်ဘဇာတွင် တာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်း
တစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့်
ပြည်နယ်အတွင်းမှ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့် ဒေသများဖြစ်သည့်
ဘူးသီးတောင်၊ ပေါက်တော၊ ရသေ့တောင်နှင့် မြေပုံ မြို့နယ်များအား လစာနှစ်ဆ
ခံစားခွင့်ပြုနိုင်ရန် တင်ပြတောင်းခံနေကြောင်းနှင့် ယင်းအထဲမှ
ဘူးသီးတောင်မြို့ကိုသာ လစာနှစ်ဆ တိုးမြှင့်ပေးလိုက်ခြင်း ဖြစ်ကြောင်း
သိရသည်။
No comments:
Post a Comment