Star Wars ဇာတ်ကားများကို ဖန်တီးသူ ဂျော့ဂ်ျလူးကက်စ်က Jean Hersholt
Humanitarian Awardကို အန်ဂျလီနာအား ဂုဏ်ယူစွာ ပေးအပ် ချီးမြှင့်ခဲ့
လူသားချင်းစာနာမှုအတွက် အော်စကာဆုကို ဂျိုလီ ရရှိ
ပြီးခဲ့သည့် သီတင်းပတ်ကုန်က အန်ဂျလီနာ ဂျိုလီအနေဖြင့် လူသားချင်း
စာနာမှုဆိုင်ရာ လုပ်ငန်းများကြောင့် အထူးဂုဏ်ပြုချီးမြှင့်သည့် အော်စကာဆုကို
ရရှိခဲ့ကြောင်း သိရသည်။ စနေနေ့က လော့စ်အန်ဂျလိစ်တွင် ကမ္ဘာကျော် ဟောလီးဝုဒ်
မင်းသမီးအား အဆိုပါဆုကို ပေးအပ် ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ Star Wars
ဇာတ်ကားများကို ဖန်တီးသူ ဂျော့ဂ်ျလူးကက်စ်က Jean Hersholt Humanitarian
Awardကို အန်ဂျလီနာအား ဂုဏ်ယူစွာ ပေးအပ် ချီးမြှင့်ခဲ့သည်။ အဆိုပါဆုကို
လက်ခံရယူပြီးနောက် ဂျိုလီက အတူနေချစ်သူ ဘရတ်ပစ်တ်ကို ကျေးဇူးတင်စကား
ရည်စူးပြောကြားခဲ့သည်။ ထိုအချိန်တွင် ဘရတ်သည် အသက်(၁၂)နှစ်သားလေး
မက်ဒေါ့စ်နှင့်အတူ အန်ဂျလီနာကို အားပေးလျှက်ရှိသည်။
သူမက
"ကျွန်မရဲ့ အချစ်ဆုံးသူဆီက ရခဲ့တဲ့ အကူအညီတွေ၊ ထောက်ပံ့အားပေးမှုတွေက
ကျွန်မလုပ်ဆောင်သမျှ အားလုံးကို လက်တွေ့ဖြစ်စေဖို့ ခွန်အားတစ်ရပ်ပါပဲ"ဟု
ညွှန်းဆိုခဲ့သည်။ သူမက ယခုဆုအတွက် ဂုဏ်ယူစိတ်ဖြင့် မျက်ရည်ကျမိသော်လည်း
မငိုမိအောင် ထိန်းထားရန် သားဖြစ်သူ မက်ဒေါ့စ်ကို ကတိပေးထားရကြောင်းလည်း
အရွှမ်းဖောက် ပြောကြားခဲ့သည်။ သူမက မက်ဒေါ့စ်ကို ရည်စူးပြီး "သားရေ။
မေမေမငိုဘူးနော်။ ကတိပေးထားတဲ့အတိုင်းပဲ။ သားကို အရှက်ရအောင်
မလုပ်ခဲ့ဘူးနော်"ဟု ရယ်ရယ်မောမော ပြောဆိုသွားသည်။
Planet Myanmar Network
No comments:
Post a Comment