ကေအိုင်အေဌာနချုပ် လိုင်ဇာမှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့စည်းတွေရဲ့ ညီလာခံ မှာ တက်ရောက်နေတဲ့ တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့
၁၇ဖွဲ့က နိုင်ငံလုံးဆိုင်ရာ အပစ်ခတ် ရပ်စဲမှုဆိုင်ရာ ဘုံသဘောတူညီချက် ၉ ချက်ကို ဒီနေ့ လက်မှတ်ရေးထိုးခဲ့တယ်လို့ လိုက်ကြပါတယ်။
ဒါပေမယ့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA
တောင်ပိုင်းတပ်ဖွဲ့ကတော့ လက်မှတ်ရေးထိုးခဲ့ခြင်း မရှိဘူးလို့
အာစီအက်စ်အက်စ် ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းလှက
RFA ကို ပြောပါတယ်။
သဘောတူညီချက်ထဲမှာ တစ်ဖွဲ့ချင်းစီက
ကိုယ်စားလှယ်တစ်ဦးစီပါဝင်တဲ့ နိုင်ငံရေး ဦးဆောင်ကော်မတီ တရပ်ဖွဲ့ဖို့
လည်း ပါဝင်ပါတယ်လို့ သိရပါတယ်။ တက်ရောက်တဲ့ ကိုယ်စားလှယ်တွေရဲ့ အဆိုအရ
နိုင်ငံရေးဆွေးနွေးပွဲပြီးမှ အပစ်ခတ်ရပ်စဲရေးကို လုပ်ဆောင်မယ်လို့
သဘောထားပါရှိကြောင်း သိရပါတယ်။
ဒါပေမယ့် သဘောတူညီချက် ၉ ချက်မှာ
တိတိကျကျ ဘယ်အချက်တွေ ပါတယ်ဆို တာကို အခုထိ တိုင်းရင်းသားအဖွဲ့တွေက တရားဝင်
ထုတ်ပြန်ပြောဆိုတာမရှိသလို နိုင်ငံရေး ဦးဆောင် ကော်မတီမှာ
ဘယ်သူတွေပါဝင်မယ်ဆိုတာလည်း အခုထိ အသေးစိတ် ထုတ်ပြန်
ပြောကြားခြင်းမရှိသေးပါဘူး။
အဲဒီကော်မတီဟာ အစိုးရ
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ နဲ့
ဆွေးနွေးတဲ့အခါ အားလုံးကို ကိုယ်စားပြု ဆွေးနွေးရမယ့် ကော်မတီ
ဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့် ဒီညီလာခံအပြီး နောက်ဆက်တွဲအနေနဲ့
အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ နဲ့တိုင်းရင်း သား
ခေါင်းဆောင်တွေဟာ လာမယ့် နိုဝင်ဘာလ ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကချင်ပြည်နယ်
မြစ်ကြီးနားမြို့မှာ တွေ့ဆုံဆွေးနွေးမယ်လို့သိရပါတယ်။
RFA
No comments:
Post a Comment