ဂေါက်ကွင်းတစ်ခုထဲတွင် သူငယ်ချင်းများနှင့်အတူ ဂေါက်သီး
ရိုက်နေရင်း မိကျောင်းဆွဲ ခံရခြင်းဖြစ်မိကျောင်းဆွဲခံရသော်လည်း
ကံအားလျော်စွာ အသက်မသေခဲ့သူမက္ကစီကို နိုင်ငံသို့
အပျော်ခရီး ရောက်ရှိနေသည့် ဗြိတိန်နိုင်ငံသား တစ်ဦးသည်
မိကျောင်းဆွဲခံရသော်လည်း ကံအားလျော်စွာဖြင့် သေဘေးမှ လွတ်မြောက်ခဲ့ကြောင်း
သိရှိရသည်။ အသက်(၅၈)နှစ်ရှိ ဒူဂီသွမ်ဆန်သည် သူငယ်ချင်း တစ်ဦး၏ မင်္ဂလာပွဲကို
တက်ရောက်ရန် မက္ကစီကိုသို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။
၎င်းသည်
ဂေါက်ကွင်းတစ်ခုထဲတွင် သူငယ်ချင်းများနှင့်အတူ ဂေါက်သီးရိုက်နေရင်း
မိကျောင်းဆွဲ ခံရခြင်း ဖြစ်သည်။ သို့သော်လည်း ကန်ကွန်ရှိ ဂေါက်ကလပ်တွင်
ဖြစ်ပွားသော မိကျောင်းတိုက်ခိုက်မှုအတွင်း ဒူဂီ၏ သူငယ်ချင်းများ၏
ဆုံးဖြတ်ချက် မှန်ကန်မြန်ဆန်ခဲ့ခြင်းကြောင့် ၎င်းအနေဖြင့် အသက်ဘေးမှ
လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် မိကျောင်းကို ဂေါက်တုတ်များဖြင့်
ဝိုင်းရိုက်ခဲ့ကြခြင်း ဖြစ်သည်။
ဒူဂီက "ကျွန်တော့် ဘောလုံးက
သဲကျင်းထဲ ကျသွားတယ်။ အနားမှာက ခြုံပုတ်တွေ ရှိတယ်။ ဒါပေမဲ့ အဲဒီနောက်မှာ
ရေရှိမှန်း မသိဘူး။ ကျွန်တော် ဘောလုံးကို ရိုက်တင်လိုက်ပြီးချိန်မှာ
နောက်ဘက်က အသံတွေ ကြားလိုက်ရတယ်။ လှည့်ကြည့်တော့ မိကျောင်းကြီးတစ်ကောင်။
ပြီးတော့ ကျွန်တော့် ခြေထောက်ကို အဟပ်ခံလိုက်ရတယ်"ဟု ရှင်းပြခဲ့သည်။ ၎င်းက
"ကျွန်တော် နာမသွားဘူး။ အဲဒီအချိန်မှာ တုန်လှုပ်တဲ့စိတ်ပဲ ဖြစ်နေမိတယ်။
အဲဒီကောင်ကြီးက အရုပ်အကြီးကြီးနဲ့တူတယ်။ မျက်လုံးနက်နက်ကြီးတွေနဲ့လည်း
ကျွန်တော့်ကို စိုက်ကြည့်နေတယ်။ သူ့ကို ဝိုင်းရိုက်ကြတာက အုတ်နံရံကို
ရိုက်နေရသလိုပဲ"ဟုလည်း ဆိုသည်။
မည်သို့ပင်ဖြစ်စေ ဒူဂီသည်
အသက်ဘေးမှ လွတ်မြောက်ခဲ့သည့်တိုင် ပေါင်တွင် အချက်(၂၀၀) ချုပ်ခဲ့ရသည်။
လတ်တလောတွင် ၎င်းသည် မက္ကစီကိုရှိ ဆေးရုံတစ်ခု ကုသမှု ခံယူနေရပြီး မိသားစုက
လိုက်ပါသွားရန် ပြင်ဆင်နေကြောင်း သိရှိရသည်။ ဒူဂီက "မိကျောင်းက
ထွက်ပြေးသွားတော့ ကျွန်တော့်ပေါင်သားတွေ ပါသွားတယ်။ ကျွန်တော့်ခြေထောက်ကို
ကြည့်ရတာ သားသတ်ရုံ မှန်ပြူတင်းပေါက်ကို ကျော်မြင်ရတဲ့
မြင်ကွင်းမျိုးဗျ"ဟုလည်း မှတ်ချက်ပြုသွားခဲ့သည်။
Planet Myanmar Network
No comments:
Post a Comment