ကျီစု သုသာန်၌ ဝေမာနိကများ အားထမင်းကျွေးေ
မွးရာ၌ အမဲသား များမှာ
တစ်နာရီအတွင်း အားလုံး နီးပါး ကုန်ဆုံးခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ
၁၈ရက်ညတွင် သေလွန်ပြီးနောက် မကျွတ်မလွတ် ဘဲ
ဝေမာနိက ဘဝသို့ ရောက်နေ သူများ ကျွတ်လွတ်စေရန် အ ကျွတ်အလွတ်ပွဲ မကျင်းပမီ
တစ် ရက်အလိုတွင် ဝေမာနိကများအား ထမင်းအစားအသောက်များ စား နိုင်ရန်
ဒဂုံဆိပ်ကမ်းမြို့နယ် ကျီစု သုသာန်ပတ်လည်တွင် ထမင်းပုံ များနှင့် အတူ
အမဲသားများထား ပေးခဲ့ရာတွင် ယင်းသို့ဖြစ်ရပ် ဖြစ်ပွားခဲ့ကြောင်း ရွှေသန်လျင်
ပရဟိတလူငယ် နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးအောင်နိုင်ဝင်း က
ရန်ကုန်တိုင်းမ်နေ့စဉ်သတင်း စာသို့ ပြောသည်။
''ည ၆နာရီလောက်မှာ လဲ
ထူးခြားစွာနဲ့ ဒီသုသာန်နဲ့အနီး တစ်ဝိုက်မှာပဲ မိုးတွေတအားရွာ ခဲ့ပါတယ်။ ည
ရနာရီမှာ လူကြီး ဝေမာနိကတွေစားဖို့ကို ထမင်းနဲ့ အမဲသားအစိမ်းကို
စီစဉ်ပေးပြီး ကလေးဝေမာနိကတွေအတွက် ပဲဟင်း၊ ချိုချဉ်နဲ့ ထမင်းတွေ ကို
သုသာန်ပတ်လည်မှာ တစ်ပုံစီ ခြားထားပြီး စီစဉ်ပေးခဲ့ပါတယ်။ ည ၈နာရီလောက်မှာ
သွားကြည့် တော့ ထမင်းတွေကတော့ လက် ရာမပျက် ရှိနေပြီး အမဲသားစိမ်း တွေကတော့
အကုန် ကုန်နေတာ ကို တွေ့ရပါတယ်''ဟု ဦးအောင်နိုင်ဝင်း ကပြောသည်။
သုသာန်နှင့်အနီးတစ်ဝိုက် တွင် လူနေအိမ်များမရှိသဖြင့် လူ များယူဆောင်ရန်
မဖြစ်နိုင်သကဲ့ သို့ ခွေးနှစ်ကောင်သာရှိသဖြင့် အမဲ သားအားလုံးကိုယူရန်မှာမူ
မဖြစ် နိုင်ကြောင်း သုသာန်မှဝန်ထမ်း တစ်ဦးက ပြောသည်။
''မနှစ်ကလဲ
အကျွတ်အ လွတ်ပွဲလုပ်တဲ့အချိန်တုန်းက ည မှာပဲ တစ်ခါတည်းအမျှဝေတော့
သုသာန်တစ်ခုလုံး အိမ်မြောင်စုပ် ထိုးသံတွေနဲ့ ဆူညံနေခဲ့ပါတယ်'' ဟု
ဦးအောင်နိုင်ဝင်းက ပြော သည်။ နိုဝင်ဘာ၁၉ရက် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်
ရှိ ကျီစုသုသာန် ၌ ရွှေသန်လျင် ပရဟိတလူငယ် နာရေးကူညီမှုအသင်း အလှူရှင်
များကစုပေါင်း၍ အကျွတ်အလွတ် စုပေါင်းဒါနပြုပွဲ အမျှဝေပွဲကို
ကျင်းပခဲ့ခြင်းဖြစ်သည်။
လူငယ်နာရေးကူညီမှုအ သင်းဥက္ကဋ္ဌ
ဦးအောင်နိုင်ဝင်းက ''ကျန်ရစ်သူမိသားစုတွေကိုပဲ ကူညီနေသလို ဖြစ်နေပါတယ်။
ကွယ် လွန်သွားပြီး မကျွတ်မလွတ်ဖြစ် နေတဲ့သူတွေကို ကူညီတဲ့အနေနဲ့
အကျွတ်အလွတ်ပွဲကိုလုပ်တာ နှစ်ကြိမ်မြောက် ပါ''ဟု ပြော သည်။ သေလွန်ပြီးနောက်
မကျွတ် မလွတ်ဘဲဖြစ်နေသည်များ အမှန် တကယ်ရှိပြီး ယင်းတို့အား အ
ကျွတ်အလွတ်ပွဲလုပ်၍ အမျှဝေ ပေးခြင်းဖြင့် ကောင်းရာမွန်ရာဘဝ သို့
ကူးပြောင်းနိုင်သည်ဟု အကျွတ် အလွတ်အမျှဝေပွဲတွင် ပါဝင် သည့်
ဝဋ်ကြွေးပြေဆရာတော် ဥူးသိရီ ဓမ္မက မိန့်ကြားသည်။
ဝဋ်ကြွေးပြေဆရာတော် ဥူးသိရီဓမ္မက ''မွန်ပြည်နယ် ပေါက် တောကျေးရွာမှာ
သားကိုရှင်မပြု ပေးနိုင်ခင်မှာ ကွယ်လွန်သွားတဲ့ အမေက အမျှဝေတာကို သာဓု
မခေါ်ဘဲ မကျွတ်မလွတ်ဖြစ်ပြီး မိသားစုဝင်တွေကို ဝင်ပူးပြီးပြော ပြတော့မှ
သားရှင် ပြု ပွဲပြီး သာဓု ခေါ်ပြီး ကျွတ်လွတ်အောင် ဦးဇင်း
ကိုယ်တိုင်ဆောင်ရွက်ပေးခဲ့ပါ တယ်''ဟု မိန့်ကြားသည်။
''မကျွတ်မလွတ်ဖြစ်နေသော ဝေမာနိကများကို ကျွတ်လွတ်စေ ဖို့ ရည်စူးပြီး
ကောင်းမှုကုသိုလ် ပြုလုပ်ပေးကာ အမျှဝေ သာဓုခေါ် ခိုင်းပါက ဝေမာနိကများဟာ လူ့
ဘဝရဖို့ ပဋိသန္ဓေဝင်ခြင်း၊ ပို၍ မြင့်သော နတ်ခြောက်ဘုံကို ရ ကာ လက်ရှိ
ခံစားနေရ တဲ့ မြင်ရက် နဲ့ မစားရခြင်း၊ အဝတ်အထည် မရှိခြင်းအပါအဝင်
ဆင်းရဲဒုက္ခ တွေငြိမ်းစေနိုင်ပါတယ်''ဟု ဝဋ် ကြွေးပြေ ဆရာတော်ဥူးသိရီဓမ္မ က
မိန့်ကြားသည်။
ဓာတ်ပုံ-ငယ်ထွေး
ငယ်ထွေး(ကလေး)
The Yangon Times
No comments:
Post a Comment