Pages

27.11.13

အိန္ဒိယတွင် ကျောင်းသားပေါင်း ၄၀၀ကျော်ခန့် အစာအဆိပ်သင့်

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမှ စာသင်ကျောင်းတစ်ကျောင်းတွင် ကျောင်းသား ၄၀၀ကျော်ခန့်သည် နေ့လည် စာအဖြစ် ကိတ်မုန့်တစ်မျိုးကို ကျွေးခဲ့ရာမှ အစာအဆိပ်သင့် ခဲ့ကြသဖြင့် ဆေးရုံသို့ပို့ခဲ့ရကြောင်း ဟိန္ဒူစတန်ဒီတိုင်းမ်း သတင်းစာတွင် နိုဝင်ဘာ ၂၆ရက်က ရေးသားခဲ့သည်။ 
နိုဝင်ဘာ ၂၅ရက်က အန်ဂျူမန်နျူမန်အစ္စလမ်အာဒုကျောင်းရှိ တစ်တန်းမှ ရှစ်တန်းအထိသော ကျောင်းသားများသည် နေ့လည်စာစားပြီးချိန်တွင် မသက်မသာ ခံစားရကြောင်း ဆရာများကို ပြောပြကြသည်။ ကျောင်းသာအချို့မှာ ဗိုက်နာခြင်း၊ အော့အန်ခြင်း၊
မူးဝေခြင်းများဖြစ်လာသည့်အတွက် သူတို့ကို ဆေးရုံသို့ ခေါ်ဆောင်သွားကြခြင်းဖြစ်သည်။ ယခုဖြစ်ရပ်သည် ဘီဟာပြည်နယ်အရှေ့ပိုင်းတွင်မှ စာသင်ကျောင်းတစ်ကျောင်းတွင် နေ့လည်စာကြောင့် ကျောင်းသား ၂၃ဦး အစာအဆိပ်သင့်ပြီး လေးလအကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မွန်ဘိုင်းကျောင်းမှ ကျောင်းအုပ် အင်အမ်မယ်လိခ်က ကျောင်းသားများကို နီးစပ်ရာဆေးရုံသို့ ချက်ချင်းပို့ပေးခဲ့ရကြောင်း သတင်းစာကို ပြောပြခဲသည်။ ဆရာဝန် အုခါရက်အန်ဂာချက်ကာက ထိုနေ့ကတည်းက ကျောင်းသားအများစုမှာ ပြန်လည်ကောင်းမွန်သွားခဲ့ကြောင်း၊ မည်သည့်ကလေးမှ စိုးရိပ်စရာ အခြေအနေမျိုး မရှိကြောင်းဆိုသည်။ ကျောင်းသား ၁၂၀ခန့်ကို ဆေးရုံတင်ထားခဲ့သည်။

Ref: HT
ွှ့The Myanma Age

No comments:

Post a Comment