အာဆင်နယ် ကွင်းလယ် ကစားသမား မီဆွတ် အိုဇေးလ်သည် အလွန် ထူးချွန်သည့် ကစားသမား တစ်ဦးဟု ဝိန်းရွန်နီက အသိအမှတ်ပြု ချီးကျူး
လိုက်သည်။
ရွန်နီသည် မန်ချက်စတာ ယူနိုက်တက်က အာဆင်နယ်ကို
(၁-၀)ဖြင့် အနိုင်ရသော ပွဲစဉ်တွင် အိုဇေးလ်နှင့် ရင်ဆိုင် ကစားထားခဲ့သည်။
ယခုအခါ ရွန်နီ ပါဝင်သော အင်္ဂလန် လက်ရွေးစင် အသင်းနှင့် အိုဇေးလ် ပါဝင်သည့်
ဂျာမန် လက်ရွေးစင် အသင်းတို့ ဝင်ဘလေတွင် ခြေစမ်းမည်ဖြစ်ရာ ထိုကြယ်နှစ်ပွင့်
နောက်တစ်ကြိမ် ထိပ်တိုက်တွေ့ဆုံမည် ဖြစ်သည်။ အင်္ဂါနေ့ည ပွဲစဉ် မတိုင်မီတွင်
ရွန်နီက ကလပ် အသင်းအဆင့် ပြိုင်ဘက် ကစားသမား၏ အရည်အသွေးကို အသိအမှတ်ပြု
ချီးကျူးခဲ့ခြင်း ဖြစ်သည်။
နွေရာသီ ဈေးကွက်ပိတ်ရက်က
ရီးယဲလ်မက်ဒရစ်ထံမှ ပြောင်းရွှေ့လာသည့် ကစားသမားနှင့် ပတ်သက်ပြီး ရွန်နီက
"သူက သိပ်တော်တဲ့ ကစားသမားပါ။ တစ်နေရာတည်းမှာ အသေ ကစားတတ်တဲ့
ပုံစံမျိုးလည်း မဟုတ်ဘူး။ အိုဇေးလ်ဟာ နေရာစုံ ရွှေ့ပြီး အကွက် ဖော်နိုင်သူ
ဖြစ်ပါတယ်။ ကွင်းလယ်ကနေ တိုက်စစ်
မှူးတွေ နောက်မှာ စိတ်ကြိုက်
ရွေ့လျားကစားပြီး ဂိုးတွေ သွင်းနိုင်သလို ဖန်တီးမှု ကောင်းကောင်းတွေ
လည်း လုပ်ပြ တတ်ပါသေးတယ်။ တကယ်တော့ အိုဇေးလ်ဟာ အကောင်းဆုံး ကစားသမား
တစ်ယောက်ပါပဲ" ဟု ပြောဆို သွားခဲ့သည်။
Soccer Myanmar
No comments:
Post a Comment