Pages

18.11.13

လူနေ တိုက်ခန်းပေါ်သို့ ရဟတ်ယာဉ်တစ်စင်း ပျက်ကျ လေယာဉ်မှူး နှစ်ဦး သေဆုံး

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် နိုဝင်ဘာ ၁၆ ရက်က အထပ် ၃၈ ထပ် အမြင့်ရှိ လူနေတိုက်ခန်း တစ်ခုပေါ်သို့ ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်မှူးနှစ်ဦး သေဆုံးခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
အဆိုပါ ရဟတ်ယာဉ် ပျက်ကျမှုသည် ဆိုးလ်မြို့ အရှေ့တောင်ပိုင်းရှိ ဂန်းနမ်းခရိုင်တွင်
 ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး LG အီလက်ထရွန်နစ် ကုမ္ပဏီမှ ပိုင်ဆိုင်သော ၎င်းရဟတ်ယာဉ်သည် ကုမ္ပဏီ ဝန်ထမ်းများအား ခေါ်ယူရန် အတွက် မြေကွက်လပ် တစ်ခုသို့ ဆင်းသက်စဉ် ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း မီးသတ် အရာရှိ ချန်ဆန်းဟိုက သတင်းထောက်များအား ပြောကြားခဲ့သည်။

၎င်းရဟတ်ယာဉ် ပျက်ကျမှုကြောင့် အသက် ၅၇ နှစ် အရွယ် ပါ့စ်အင်ကျူ အမည်ရှိ လေယာဉ်မှူး တစ်ဦးမှာ အခင်းဖြစ်ရာ နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အသက် ၃၆ နှစ် အရွယ်ရှိ ဒုတိယ လေယာဉ်မှူးမှာ ဆေးရုံ၌ သေဆုံးခဲ့ကြောင်းနှင့် ၎င်းလေယာဉ်မှူး နှစ်ဦးလုံးသည် LG ကုမ္ပဏီ ဝန်ထမ်းများ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၎င်းရဟတ်ယာဉ် ပျက်ကျမှုကြောင့် အဆောက်အအုံ အပေါ်ထပ်ရှိ ပြတင်းပေါက်များ ပျက်စီးခဲ့သော် လည်းတိုက်ခန်းနေသူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment