ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ခြောက်ခုအတွက် ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ကျေးလက်ေ
ဒသ ဖွံ့ဖြိုးရေး ရန်ပုံငွေအဖြစ် ကျပ် ၁၀
ဘီလီ
ယံကျော် သုံးစွဲမည် ဖြစ်ကြောင်း မွေးမြူရေး၊ ရေ လုပ်ငန်းနှင့်
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊
ညွှန်ကြားရေးမှူး ဦးအောင်ဇံထွေးက ပြောကြား
သည်။
အဆိုပါပမာဏသည် နိုင်ငံတစ်ဝန်းရှိ ကျေးလက်ဒေသ
ဖွံ့ဖြိုးရေးအတွက် သုံးစွဲမည့် ဘဏ္ဍာငွေ ကျပ် ၇၅ ဘီလီယံကျော်၏ ခုနစ်ပုံ
တစ်ပုံကျော် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
ရှမ်းပြည်နယ်အတွင်းရှိ ပအို့ဝ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပလောင်
ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊
ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဝ ကိုယ်ပိုင်အုပ်ချုပ်
ခွင့်ရဒေသနှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ နာဂ ကိုယ်ပိုင်
အုပ်ချုပ်ခွင့်ရ ဒေသ များတွင် လမ်းတံတား တည်ဆောက်ရေး၊ ရေပေးဝေရေး၊
မီးလင်းရေး၊ အိမ်ရာ တည်ဆောက်ရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ
လုပ်ဆောင်နိုင်ရေးအတွက် အဆိုပါ ဘဏ္ဍာငွေကို သုံးစွဲမည် ဖြစ်သည်ဟု
ဦးအောင်ဇံထွေးက ဆိုသည်။
“ကျွန်တော်တို့ အနေနဲ့ အားလုံးကို
အတတ်နိုင်ဆုံး မျှမျှတတ ဖြစ်အောင် ကျေးလက်ဖွံ့ဖြိုးရေး အသုံးစရိတ်တွေ
ခွဲပေးထားပါတယ်” ဟု ဘဏ္ဍာငွေ ခွဲဝေမှု အပိုင်းကို ၎င်းကရှင်းပြသည်။
နိုင်ငံတစ်ဝန်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အသုံးစရိတ် စုစုပေါင်း၏ ၂၃
ရာခိုင်နှုန်းကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ၅ ခုပါဝင်သည့်
ရှမ်းပြည်နယ်က အများဆုံး ရရှိပြီး အနည်းဆုံး ရရှိမှုအဖြစ် ကျေးလက်ဒေသ
ဖွံ့ဖြိုးရေး အသုံးစရိတ် စုစုပေါင်း၏ ၄ ဒသမ ၇ ရာခိုင်နှုန်းကျော်ကို
ကယားပြည်နယ် က ရရှိကြောင်း အဆိုပါ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး
ရန်ပုံငွေမှာမူ ကျပ်လေးဘီလီယံကျော် ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်
စုစုပေါင်း ၁၄ ခုနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများအတွက်
ကျေးလက်ဖွံ့ဖြိုးရေး ဘဏ္ဍာငွေမှာ ကျပ် ၇၅၀၁၅ သန်း ဖြစ်ကြောင်း အဆိုပါ
ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
The Voice Weekly
No comments:
Post a Comment