ရီးရဲလ်ဟာ ဗယ်လီကာနိုနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာဘန်ဇီမာ၊ ရော်နယ်ဒို၊
ဘေးလ်တို့ တိုက်စစ်ပိုင်းနဲ့ ပွဲထွက်လာခဲ့ပြီး
ပွဲအစ(၃)မိနစ်မှာပဲ ဘေးလ်ရဲ့ ဖန်တီးမှုကတစ်ဆင့် ရော်နယ်ဒိုက အဖွင့်ဂိုး သွင်းပေးနိုင်ခဲ့ပါတယ်။
ရော်နယ်ဒိုအတွက် ဒီဂိုးဟာ (၂၀၁၃)ခုနှစ်ထဲမှာ သွင်းတဲ့ (၅၇)ဂိုးမြောက်
သွင်းဂိုးဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ရီးရဲလ်ဟာ ပွဲချိန်(၃၁)မိနစ်မှာလည်း
ဒုတိယဂိုး ထပ်ရခဲ့ပြီး ဘေးလ်ရဲ့ဖြတ်တင်ဘောကို ဘန်ဇီမာက
ခေါင်းတိုက်သွင်းခဲ့တာပါ။
ပထမပိုင်းမှာ ရီးရဲလ်တို့ (၂)ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်း
ပြန်စချိန်(၃)မိနစ်အကြာမှာလည်းဘေးလ်ရဲ့ ညာတောင်ပံ ထိုးဖောက်မှုကနေ
ဖန်တီးပေးတာကို ရော်နယ်ဒိုပြေးဝင်ပိတ်သွင်းနိုင်ခဲ့လို့
(၃)ဂိုးပြတ်ခဲ့ပါတယ်။ ဒီဂိုးကြောင့် ရော်နယ်ဒိုဟာ ဒီရာသီ လာလီဂါသွင်းဂိုး
(၁၃)ဂိုးအထိ ရှိလာခဲ့ပြီး (၂၀၁၃)ခုနှစ်အတွင်းမှာ ကစားတဲ့
လာလီဂါပွဲစဉ်(၂၉)ပွဲမှာ (၃၂)ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် (၂၅)ပွဲ
ကစားပြီး (၂၈)ဂိုး သွင်းထားတဲ့ မက်ဆီထက် (၄)ဂိုး ပိုများသွားခဲ့ပါတယ်။
အလွယ်တကူ အနိုင်ရမယ်လို့ ထင်မှတ်စရာဖြစ်လာပေမယ့် ပင်နယ်တီ(၂)ဂိုး
ပေးခဲ့ရတာကြောင့် ပွဲချိန်နှောင်းပိုင်းမှာ အနိုင်(၃)မှတ်ရဖို့ ခက်ခက်ခဲခဲ
ရုန်းကန်သွားခဲ့ရတာ တွေ့ရပါတယ်။
ပွဲချိန်(၅၃)မိနစ်အရောက်မှာ
ဂျိုနသန်ဗီယာကို ပီပီ ခြေချိတ်ခဲ့တာကြောင့် ပင်နယ်တီ ရခဲ့ပြီး
ဒီပင်နယ်တီကနေ ဂျိုနသန်ဗီယာက အဖွင့်ဂိုးသွင်းနိုင်ခဲ့သလို နောက်(၂)မိနစ်
အကြာမှာလည်း လာရီဗေးရဲ့ ခေါင်းတိုက်ချက် တိုင်ထိထွက်လာတာကို
ယှဉ်လုရာကတစ်ဆင့် မာဆယ်လိုက ဗျူနိုကို ၀င်တိုက်ခဲ့ပြန်တာကြောင့်
ဗယ်လီကာနိုတို့ ပင်နယ်တီ ထပ်ရခဲ့ပြီး ဒီတစ်ကြိမ်မှာလည်း ဂျိုနသန်ဗီယာက
ဒုတိယဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဗယ်လီကာနိုတို့
သရေတစ်မှတ်ရဖို့ ပြင်းပြင်းထန်ထန် အားထုတ်လာခဲ့ပြီး ဒီယေဂိုလိုပက်ဇ်
ကာကွယ်နိုင်ခဲ့လို့သာ ရီးရဲလ် (၃)မှတ်အပြည့် ရခဲ့တာပါ။
http://yoyarlay.com/sport/football/38467-2013-11-02-23-25-38
ဇော်ထွန်း(ရိုးရာလေး)
No comments:
Post a Comment