Pages

14.11.13

မေမြတ်မွန် စနေနေ့မှာ မင်္ဂလာဆောင်မယ်

လာမယ့် စနေနေ့မှာ မင်္ဂလာဆောင်မယ် လို့ အွန်လိုင်းမှာလူသိများနေတဲ့မေမြတ်မွန်က သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးထားပါတယ်။


သတို့သားလောင်းကတော့ သူ့ဖေ့စ်ဘုတ်မှာ သူနဲ့ တရင်းတနှီးတွေ့ရသူဖြစ်ပါလိမ့်မယ်။

သူ့ မင်္ဂလာသတင်းကို သိပ်မကြာသေးခင်ကပဲ အွန်လိုင်းမှာ အသိပေးထားတာပါ။
အသေးစိတ်အချက်အလက်ကိုတော့ တင်မထားပါဘူး။

မေမြတ်မွန်ဟာ ကိုယ်တိုင်ရိုက်သီချင်းဆိုရုပ်သံတွေကြောင့် ဒီရက်ပိုင်း ထင်ရှားလာတာပါ။
သီချင်းရုပ်သံတွေ ရိုက်ထားတာ ကြာပြီလို့ ယူဆရပါတယ်။
သူ့မင်္ဂလာပွဲနီးမှ ဒီရုပ်သံတွေ အွန်လိုင်းမှာ ဆက်တိုက် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

သူ့မင်္ဂလာပွဲမှတ်တမ်းဓာတ်ပုံတွေကို သူ့ဖေ့စ်ဘုတ်မှာ တင်မယ်လို့လည်း ယူဆရပါတယ်။


ဧရာဝတီblog

No comments:

Post a Comment