ရန်ကုန်တိုင်း ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ ဟန်းဆန်း(Handsome) အထည်ချုပ်စက်ရုံ အလုပ်သမားများသည် အလုပ်သမားေ
ခါင်းဆောင်အား အကြောင်းပြချက်မရှိ
အလုပ်မှထုတ်ရာမှ စတင်ကာ အလုပ်သမား ၂၀၀ကျော်က စက်ရုံရှေ့တွင်
သပိတ်စခန်းဖွင့်ကာ ဆန္ဒပြတောင်းဆိုနေခြင်းနှင့် စပ်လျဉ်း၍
စက်ရုံတာဝန်ရှိသူများက ဆွေးနွေးမှုများပြုလုပ်နေသည်ဟု စက်ရုံမန်နေဂျာ
ဒေါ်မြတ်ကေသီက မဇ္ဈိမကိုပြောသည်။
" ဒီကိစ္စနဲ့ ပတ်သက်ပြီး
ကျွန်မတို့ ဒီနေ့လူကြီးတွေနဲ့ အစည်းဝေးလုပ်နေပါတယ် ။ ဘယ်လို ဆုံးဖြတ်ကြမယ်
ဆိုတာကိုတော့ ပြောပြလို့ မရသေးပါဘူး။ အဆင်ပြေအောင်တော့
ညှိနှိုင်းနေကြပါတယ်"ဟု ဟန်းဆန်းအထည်ချုပ်စက်ရုံ မန်နေဂျာ ဒေါ်မြတ်ကေသီက
ပြောသည်။
ဟန်းဆန်းစက်ရုံမှ အလုပ်သမားခေါင်းဆောင် ကိုစည်သူမင်းအား
အောက်တိုဘာလ ၂၆ရက်က ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ အလုပ်ထုတ်ရာမှစတင်ကာ
အချက်လေးချက်ဖြင့် ထိုနေ့မှစကာ နိုဝင်ဘာလ ၃ရက်အထိ စက်ရုံရှေ့တွင်
သပိတ်စခန်းဖွင့်ခဲ့ကာ ဆန္ဒပြခဲ့သော်လည်း ပြေလည်မှုမရရှိသေးကြောင်း
သပိတ်စခန်းမှ စက်ရုံဝန်ထမ်း မဖြူစင်က ပြောသည်။
"တစ်ပတ်ကျော်အထိ ဘာမှ ထူးခြားမှုမရှိသေးဘူး"ဟု မဖြူစင်ကပြောသည်။
ဆန္ဒပြလုပ်သားများ တောင်းဆိုသော အချက်များသည် အလုပ်ထုတ်ခံရသော
ကိုစည်သူမင်းအား အလုပ်ပြန်ဆင်းခိုင်းရန်၊ အမျိုးသမီးသန့်စင်ခန်းရှေ့တွင်
တပ်ဆင်ထားသည့် CCTVကင်မရာကို ဖြုတ်ပေးရန်၊ အလုပ်သမားများ
ဆန္ဒထုတ်ဖော်ချိန်တွင် လုပ်ခလစာနှင့် အလုပ်သမားအခွင့်အရေးများ
အပြည့်အဝရရှိရန် စသော အချက်များဖြင့် တောင်းဆိုနေခြင်းဖြစ်သည်။
"မိန်းကလေးတွေ အိမ်သာသွားတဲ့ လမ်းတစ်လျောက်မှာ CCTVကင်မရာတွေ
တပ်ဆင်ထားတာကတော့ မိန်းကလေးတွေရဲ့ ကာအိနြေ္ဒလုံခြုံရေး စိုးရိမ်ရပါတယ်။
အလုပ်ခွင်၊ အလုပ်ခန်းထဲမှာ တပ်ဆင်တာကိုတော့ မပြောလိုပါဘူး။ ဒီလို
အိမ်သာသွားတဲ့လမ်းမှာ ဆိုတော့ ဖြုတ်ပေးဖို့အတွက် တောင်းဆိုရခြင်းဖြစ်တယ်"
ဟု မဖြူဇင်က ဆိုသည်။
ထိုဆန္ဒပြလုပ်သားများအား
ဒဂုံမြို့သစ်အရှေ့ပိုင်းမှ တ.စ.ညပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(NLD)ပါတီတို့က ကူညီပေးနေသည်ဟု ဟန်းဆန်းစက်ရုံမှ အလုပ်သမားခေါင်းဆောင်
ကိုရန်နိုင်ကပြောသည်။
Credit : မဇ္ဈိမသတင်းဌာန
Mizzima - News in Burmese
No comments:
Post a Comment