လူတစ်ယောက်၏ ဘဝ နောက်ဆုံးခရီးဖြစ်သော ဈာပန ကို ကောင်းမွန်စွာဖြင့် ပို့ဆောင် မီးသဂြုင်္ိဟ်မှုပြုလုပ်သော သုသာန် မှာ မြို့တစ်မြို့၊
နိုင်ငံတစ်နိုင်ငံ၊ တိုင်းပြည် တစ်ပြည်အတွက် အထူးအရေးကြီးလှပေသည်။
လူ့လောက
အသိုင်းအဝိုင်းတွင် သာရေးရှိသလို၊ နာရေးအတွက် နာရေးပေါင်းများစွာကို လိုက်
လံကူညီ ပို့ဆောင်ေ ပးနေေ သာ ဆယ်နှစ်ကျော်သက်တမ်းရှိ နာ ရေးကူညီမှုအသင်း
(ရန်ကုန်)ဥက္ကဋ္ဌဦးကျော်သူနှင့် တွေ့ဆုံ ခိုက် မြန်မာနိုင်ငံ ရှိသုသာန်များ ၏
လက်ရှိအခြေ အနေ၊ နိုင်ငံ တကာရှိ သုသာန်များ အကြောင်း၊ သံဝေဂရဖွယ်များ၊
အတုယူဖွယ် များ၊ပြင်ဆင်သင့်ပုံများ အကြောင်း၊ လောက၏ အလှတရားများ အကြောင်း၊
မှတ်သားဖွယ်ရာ များကို ဦးကျော် သူက ယခုလို ပြောပြသည်။
သင်္ချိုင်းဆိုတာ အမှန်ဆိုရင် လူတွေ ကြောက်စရာမလိုဘူး
” လူတွေမှာ တစ် ကိုယ်ရေ သန့်ရှင်းရေးကအရေးကြီးသလို၊
ပတ်ဝန်းကျင်သန့်ရှင်းရေးကလည်း အရေးကြီးတယ်။ သုသာန် အကြောင်းပြောရတာက ကျွန်
တော်တို့က သုသာန်နဲ့ နာရေး ကူညီမှုလုပ်နေတဲ့ အတွက်၊ သုသာန်တွေနဲ့
တိုက်ရိုက်ထိတွေ့ နေရတဲ့အတွက် သုသာန်တွေ ကို လိုက်လေ့လာတယ်။ ကမ္ဘာ့
နိုင်ငံတွေသွားရင်လည်း ကျွန် တော်ရှောပင်းသွားတာမဟုတ် ဘူး။သုသာန်တွေကို
လိုက်လေ့လာ တာ။သူတို့နိုင်ငံမှာ သုသာန်တွေကို ဘယ်လိုထားလဲ သိတယ်။
လူတစ်ယောက်ရဲ့ ဘဝနောက် ဆုံးခရီးမှာ သုသာန်နေရာက တအားအရေးကြီးတယ်။ ဥပ မာ
မလေးရှားဆိုရင် ဗုဒ္ဓဘာ သာဝင်လည်း ရှိတယ်။ သူတို့ သင်္ချိုင်းဆိုရင်
ဂူအကြီးကြီးနဲ့၊ ရေတံခွန်ကြီးနဲ့ အတု လုပ်ထား တာ။ အဲဒီဂူထဲဝင်သွားရင် ပြ
တိုက်လို သဘောထားကြတာ။ အဲဒီ မှာမကောင်းမှုလုပ်ရင် ဘယ် ငရဲဘုံကို
ရောက်မယ်ဆိုတာ ရုပ် လုံးကြွတွေနဲ့ အသံတွေ လွှင့်ပြီး ပြထားတယ်။
အဲဒါကျတော့ သံ ဝေဂရစရာ ကောင်းတယ်။ အမေရိကတို့၊ သြစတြေးလျတို့က
သုသာန်တွေဆိုရင် ပန်းခြံကြီး လို ပုံစံတွေလုပ်ထားတယ်။ အဲ ဒီမှာ လူတွေလာပြီး
အ ပန်းဖြေ ကြတယ်။သင်္ချိုင်းဆိုတာ အမှန် ဆို လူတွေကြောက်စရာမဟုတ် ပါဘူး။ အခုက
သင်္ချိုင်းမြေနင်း မိပြီဆိုရင် တရော်ကင်ပွန်းနဲ့ လျှော်ရတယ်ဆိုတဲ့ အယူတွေ။
ဒါက သုသာန်မြေမ သန့်လို့လုပ် တာ။ပြည်ပနိုင်ငံတွေက သုသာန် တွေဆိုရင်
မြက်ခင်းပြင်ပေါ်မှာ ကစားနေတဲ့ ကလေးတွေတောင် ရှိတယ်။ဒီအယူသီးမှုတွေပပျောက်
ဖို့ဆိုတာ ကိုယ့်ပတ်ဝန်းကျင် ပပျောက်ဖို့က အရေးကြီးတယ်။ နောက်တစ်ချက်က
ကျွန်တော် တို့ မြန်မာပြည်မှာ မြေမြှုပ်တဲ့ ကိစ္စတွေ၊ မြေမြှုပ်တဲ့ ကိစ္စမှာ
သုသာန်မြေက မကျယ်တဲ့ အတွက် အလောင်းတွေ ထပ်ကုန်တယ်။ မိုးရွာရင် အောက်က
အလောင်း တွေ ပေါ်ကုန်တယ်။ အဲဒီလိုမျိုး တွေက လူမြင်ကွင်းမှာ မကောင်း ဘူး။
သန့်ရှင်းရေးက အဓိက ကျပါတယ်။ကျွန်တော်တို့နာရေး အသင်းကနေ ဟောပြောပွဲ တွေ
လိုက်ပြီးတော့ လုပ်တယ်။ အသင်း အဖွဲ့ချင်း ချိတ်ဆက်ပြီး လုပ်လာတော့ နယ်အ
သင်း တော် တော် များများက အလောင်း ထားမယ့် နေရာသီးသန့်၊ မီး
သင်္ဂြိုဟ်မယ့်နေရာက သီးသန့်၊ နယ် ကျတော့ထင်းကို အသုံးပြုရ တယ်။ ဒါက
ပိုက်ဆံကုန် တယ်။ ထင်းအတွက် သစ်တောစိုက် ခင်းပါစိုက်ထားတယ်။ အဲဒါမျိုး ဆို
သူတို့သန့်သန့်ရှင်းရှင်း သပ် သပ်ရပ်ရပ်လေးတွေဖြစ်လာတယ်။ ဒါလေးတွေက
အင်မတန်ကို အလားအ လာကောင်း တယ်လို့ ကျွန်တော်မြင်ပါတယ်”
မီးသဂြုင်္ိလ်စက်မှ မီးခိုးပြာနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးသုသာန်ဆို တာ
အစိုးရစည်ပင်က ပိုင်တာကိုး။ စည်ပင် ကနေ စည်ပင်ဝန်ထမ်းတွေနဲ့ တကယ့်ကို
ကောင်းကောင်းမွန် မွန်၊သန့်သန့်ရှင်းရှင်းဖြစ်အောင် လုပ်ဖို့ လိုတယ်။
ကျွန်တော်တို့ သွားလုပ်လို့ ခွင့်ပြု တာမှမဟုတ် တာ။အမှိုက်တောင် ကောက်ခွင့်
မပေးတော့ သုသာန်မြေကို သွားလုပ်လို့မရဘူး။ရေဝေးသုသာန် ဆို ကျွန်တော်တို့ အ
တွက် မြေ နေရာအငှားပေးထားတယ်။ ကျွန် တော်တို့ ပိုက်ဆံပေးပြီးငှားထား တဲ့
မြေနေရာမှာရုံးခန်း အသေး လေးဖွင့်ထားတယ်။ အဲဒီနေရာကို လမ်းခင်းတာတောင်
သူတို့ ခွင့် ပြုချက်ရမှ ကျွန်တော်တို့က ခင်းလို့ရတယ်။ ကျွန်တော်တို့က တော့
ကျွန်တော်တို့ နိုင်သ လောက်လုပ်ပေး တာပဲ။ အခု ရေဝေးသုသာန်က စာစောင်ထဲမှာ
ဖတ်လိုက် ရတာ တကယ့်ကို သန့်ရှင်းလှပတဲ့ပုံစံမျိုးကို စပြီး
အကောင်အထည်ဖော်တော့မယ်။ အဲဒီအတိုင်း ဖြစ်ရင် အကောင်းဆုံးပဲ။ နောက်ပြီး
မီးသဂြုင်္ိဟ်စနစ်။ဒီစနစ်က ထိုင်းတို့၊ မလေးရှားတို့၊ ဂျပန်တို့ မှာ
ဘယ်လိုလုပ်လဲဆိုတာ လေ့ လာဖို့သင့်ပြီ။
ရေဝေးသုသာန်ဆို အရင်တုန်းက
ရေဝေးဘေးက ဇေကမ္ဘာခြံဝင်းဆိုရင် သုသာန်ရှိလို့ဆိုပြီး သုသာန်တောင် နေ
ရာရွှေ့ဖို့ဖြစ်တယ်။ မီးခိုးပြာတွေ က အိမ်ရာဝင်းထဲကိုကျတယ်။
ဒါမျိုးတွေဖြစ်လာတယ်။ အမှန် မှာ မီးခိုးပျောက်စ နစ်ဆိုတာရှိ တယ်။
မီးခိုးပျောက် စနစ်ကိုသာ အကောင်အထည်ဖော်နိုင်ရင် အကောင်းဆုံးပဲ။
မီးခိုးပြာတွေ လွင့်ကျတာကို ဖျောက်ဖို့ အရင် ကြိုးစားမယ်။ ပြီးတော့မှ ပတ်
ဝန်းကျင်သန့်ရှင်းရေး၊ စိမ်းလန်း စိုပြည်ရေးအတွက် လုပ်ရမယ်။
စိမ်းလန်းစိုပြည်ရေးအတွက် လုပ်ပေမယ့် ဒီမီးခိုးပြာက ကျ နေရင်တော့မထူးဘူး။
ညစ်ပတ် မြဲ ညစ်ပတ်နေမှာပဲ။ ဂျပန်နိုင်ငံမှာ ဆိုရင် မီးသဂြုင်္ိဟ်စက်က မြို့
လယ်ကောင်မှာပဲ။ အငွေ့ထွက် လို့ ထွက်မှန်းတောင် မသိဘူး။
အဲဒီနည်းစနစ်တွေဘက်ကို ပို ပြီးတော့ အကုန်အကျခံသင့် တယ်။သစ်ပင်စိုက်တာတို့၊
လမ်း ခင်းတာတို့က Minor Case လေးတွေ။ အကုန်အကျခံမယ် ဆိုရင်
အဲဒီမီးသဂြုင်္ိဟ်စက်ကို အကုန်အကျခံပြီးတော့ အဆင့် မြင့်မြင့်လုပ်သင့်တယ်။
သေခါနီးလေ ပျော်စရာကောင်းလေ ဖြစ်အောင်လုပ်ကြ
ကျွန်တော့် စကားတော့ မဟုတ်ပါဘူး။ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ ဟောကြား
ထားတဲ့တရားထဲက စာပိုဒ်လေး တစ်ခုကိုစကား လက်ဆောင်ပါး မယ်။ဒါ အစိုးရ ပိုင်း၊
ဝန်ကြီးပိုင်း၊ အမတ်တွေရော၊ အားလုံး အတွက်၊ တစ်တိုင်းပြည်လုံး အတွက်၊
တစ်ကမ္ဘာလုံးအတွက်ပါ။ ” သေခါနီးလေ ပျော်စရာ ကောင်းေ လဖြစ် အောင်လုပ်ကြ” တဲ့။
သေခါနီးကျမှ ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ်တွေကို ကြောက်နေရင်တော့
အသေဖြောင့်မှာ မဟုတ်တော့ ဘူး။ သေရတော့ မယ် ဆိုရင် ပျော်အောင်နေဖို့
အရေးကြီး တယ်။ ဒီစကားလေး ကို ကျွန်တော် လက်ဆောင်ပါးပါ တယ်။
ကျွန်တော့်စိတ်ထဲမှာ ဖြစ်စေချင်တဲ့ သုသာန်ကတော့ ဂူသွင်းတဲ့နေရာမှာ တချို့က
တော့ အခုထက်ထိ ဂူသွင်းနေ တုန်းပါပဲ။ ဘော်ဒီအလိုက် ဂူသွင်းတာတွေရှိတယ်။
ပြည်ပမှာလည်းရှိပါတယ်။ ရှိပေမယ့် အခုတော်တော်များများက အရိုးပြာအမှတ်တရ
အုတ်ခုံလေးတွေပဲ ထားတော့တယ်။ တစ်ပေခွဲ၊နှစ်ပေပတ်လည်လောက်။
အဲဒါဆိုမြေနေရာလည်းကျဉ်းသွားမယ်။ ဒါကတော့ မီးသဂြုင်္ိဟ်စက် ကောင်းတဲ့အတွက်
အရိုးပြာကို သီးသန့်လုပ် လို့ရတယ်။ မီး သဂြုင်္ိဟ်စက်ကို အစိုးရအနေနဲ့
အဓိကစဉ်းစားပြီးတော့ အကောင် အထည်ဖော်သင့်တယ်။ ပန်းခြံ တွေ၊ အပင်စိုက်တာတွေ၊
လမ်း ခင်းတာတွေကတော့ ဘယ် တော့လုပ်လုပ်ရတယ်။ အရေး အကြီးဆုံးက မီးသဂြုင်္ိဟ်စက်
ပါပဲ။ မီးသဂြုင်္ိဟ်စက်ကို အဆင့် မြင့်မြင့်နဲ့ သန့်သန့်ရှင်းရှင်းဖြစ်အောင်
အကောင်အထည်ဖော်သင့်တယ်။
မျိုးမောင်
Popular Journal
No comments:
Post a Comment