ကျိုင်းတုံ မူးယစ် ရဲတပ်ဖွဲ့စု (၂၈)မှ ရဲအုပ် မြင့်နိုင်စိုး နှင့်
တပ်ဖွဲ့ဝင်များ ၊ကျိုင်းတုံ အကျဉ်းထောင် မှ ဒုကြီးကြပ် ရေးမှူး နေလင်းထွန်း
နှင့်သက်သေ ဖြစ်သည့် ရပ်ကွက်(၅)နေ
ဦးစိုင်းဆိုက် တို့သည် ကျိုင်းတုံ
အကျဉ်းထောင် ရှေ့၌ နိုဝင်ဘာ ၂ဝ ရက်
နံနက် ၁၁ နာရီ အချိန်က သတင်းအရ ကျိုင်းတုံ အကျဉ်းထောင် တွင် မူးယစ်ဆေးဝါး
နှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေ ပုဒ်မဖြင့်
ထောင်ဒဏ် (၁၆)နှစ် ပြစ်ဒဏ်ကျ နေသော ဖခင်ဖြစ်သူ ဦးလော်ဘာ ထံ ထောင်ဝင်စာ
တွေ့ရန် လာရောက်သည့် မဘူးကျူး အား ရှာဖွေရာ ၄င်း ယူဆောင် လာသည့် ယိုးဒယား
နိုင်ငံလုပ် အိုင်အိုဒင်း ဆားထုပ် အတွင်း၌ ပလတ်စတစ် အကြည်ဖြင့် ထုပ်လျှက်
သိုဝှက် သယ်ဆောင် လာသော WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွ ရူးသွပ်ဆေးပြား
၁ဝ ပြားစီပါ သုံးထုပ် စုစုပေါင်း ၃ဝပြား အလေးချိန် ၃ ဂ၇မ် အား ရှာဖွေ
တွေ့ရှိ သိမ်းဆည်း ရမိသဖြင့် ကျိုင်းတုံ ရဲစခန်းမှ မယ(ပ)၅၈ /၂ဝ၁၃ မူး /စိတ်
ပုဒ်မ ၁၅/ ၁၉(က) အရ အမှုဖွင့် ထားရှိကြောင်း သိရသည်။
ဖြစ်စဉ်အား
စိစစ်ရာ မဘူးကျူး (၁၃)နှစ် အား ၄င်း၏ မိခင်ဖြစ်သူ ဒေါ်ဘူးဒေါ့ မှ ကျိုင်းတုံ
အကျဉ်းထောင် တွင် ပြစ်ဒဏ်ကျ ခံနေသော ခင်ပွန်းဖြစ်သူ ဦးလော်ဘာ ထံသို့
ပို့ဆောင်ရန် ခိုင်းစေ ခဲ့သဖြင့် လာရောက် ပို့ဆောင်ခြင်း ဖြစ်ကြောင်း
သိရှိရ၍ ဒေါ်ဘူးဒေါ့ ၊ ကာရိုးရွာ ၊ လွယ်လုံအုပ်စု ၊ ကျိုင်းတုံမြို့ နေသူအား
ကျိုင်းတုံမြို့မ ရဲစခန်း မှ ဖမ်းဆီး ရမိရေး ဆက်လက် ဆောင်ရွက်လျှက်
ရှိကြောင်း သိရှိရသည်။
The Myawady Daily
No comments:
Post a Comment