ဒီကနေ့ထုတ် သူရိယနေ၀န်း ဂျာနယ်မှာ အထင်ကရ လုပ်ငန်းရှင်ကြီး ဦးတေဇ ကို
မျက်နှာဖုံးပုံတင်ထားတာ တွေ့ရပါတယ်။
ရန်ကုန်မှာတော့ စာဖတ်သူ အများအပြား
အဲဒီဂျာနယ်ကို ဒီမနက် ၀ယ်ဖတ်နေကြတာကိုလည်း တွေ့ရပါတယ်။
အထက် ဖော်ပြပါပုံ http://blog.irrawaddy.org/2013/07/facebook_10.html ကို ခပ်ကြီးကြီး တင်ထားတာ တွေ့ရပါတယ်။ ဂျာနယ် မဖတ်ဖြစ်သေးတဲ့အတွက် အတွင်း ဘက်မှာ ဘာတွေ ရေးထားမှန်းတော့ မသိပါ။
ဦးတေဇကတော့ ဂျာနယ်ထဲ သူ့ကို စော်ကား ရေးသားထားတယ် လို့ သူ့ရဲ့ ဖေ့စ်ဘုတ်
စာမျက်နှာမှာ အခုလေးတင် ရေးလိုက်ပါတယ်။ တရားစွဲမယ်လို့ ဆိုပါတယ်။ "မိမိကို
ပုတ်ခတ်စော်ကားရေးသားသော တခြားသော စာစောင်များကိုလည်း ဥပဒေကြောင်းအရ
တုန့်ပြန်သွားပါမည်။ ၎င်းအချိန်မှ ထွက်မပြေးရန် မိမိပြောလိုပါသည်" လို့လည်း
ရေးထားပါတယ်။
ဧရာဝတီဘလော့ http://blog.irrawaddy.org
ပရိသတ် လေ့လာဖို့ ကူးယူ ဖော်ပြလိုက်ပါတယ်။ ယနေ့ထုတ် သူရိယနေဝန်း
အပတ်စဉ်ဂျာနယ် မျက်နှာဖုံးဆောင်းပါးအဖွင့်မှာ ဂျာနယ်အယ်ဒီတာချုပ်
မိုးဟိန်းက မိမိနာမည်တပ်ပြီး စိန်ခေါ်မှုလုပ်ခဲ့တာကို ဖတ်မိပြီး
မိမိအံ့သြမိပါတယ်။ အံ့သြမိတယ် ဆိုတဲ့အချက်မှာ မီဒီယာလုပ်နေတဲ့
အမေရိကန်နိုင်ငံသားတစ်ယောက်က သူတည်ထောင်ထားတဲ့ အဝါရောင်စာမျက်နှာထက်မှာ
မိမိလိုမြန်မာနိုင်ငံသားကို စိန်ခေါ်တယ်ဆိုတာပါ။
မိမိဖခင်ဖြစ်သူဟာ
မြန်မာနိုင်ငံရဲ့ပထမဆုံး မျိုးချစ်တပ်မတော် BIA, BDA, PBF တွေကနေ
သူရဲကောင်းမှတ်တမ်းဝင်အဖြစ် အကြိမ်ကြိမ်ဂုဏ်ပြုချီးမြှင့်ခြင်းခံရတဲ့
သီရိပျံချီ ဦးမြင့်ဆွေ (လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့်၊ နိုင်ငံ့ဂုဏ်ရည်
ပထမအဆင့်) ဖြစ်ပါတယ်။ ဒါ့အပြင် မိမိတို့ဆွေမျိုးအသိုင်းအဝိုင်းဟာလည်း
တပ်မတော်မိသားစုဝင် ယောက်ျားပီသစွာဖြင့် အမိမြေအတွက် ပေးဆပ်ခဲ့ကြသော
စစ်သားကောင်းများ ဖြစ်တယ်ဆိုတာကို သတိပြုမိပုံမရပါဘူး။
မိမိမှာလည်း ရဟတ်ယဉ်ပျက်ကျပြီး သေရွာပြန်ဖြစ်သည့်အတွက် နောက်တစ်ခေါက် ထပ်သေရမှာ မကြောက်တတ်သူဆိုတာကိုလည်း သတိပြုမိပုံမပေါ်ပါ။
ယခုလို ဘယ်မီဒီယာမှ မကျင့်သုံး မရေးသားခဲ့တဲ့ အဝါရောင်ဆန်သော
အရေးအသားများနဲ့ မိမိအပေါ်စော်ကားမှုများအတွက်လည်း လူကြီးလူကောင်းပီသစွာ
ဥပဒေဘောင်အတွင်းမှပဲ စကားပြောပါမယ်။ လမ်းဘေးစရိုက်ဆန်စွာ စိန်ခေါ်မှုအတွက်
မိမိဥပဒေဘောင်အတွင်းမှ တုံ့ပြန်ပါမယ်။ မိမိကို ပုတ်ခတ်စော်ကားရေးသားသော
တခြားသော စာစောင်များကိုလည်း ဥပဒေကြောင်းအရ တုန့်ပြန်သွားပါမည်။ ၎င်းအချိန်မှ
ထွက်မပြေးရန် မိမိပြောလိုပါသည်။
တစ်ဆက်တည်းမှာပဲ အဆင့်မရှိသော
မီဒီယာစာစောင်တချို့ မှ စော်ကားရေးသားထားသော မိမိရဲ့
စီးပွားရေးလုပ်ငန်းများနဲ့ ဒီလုပ်ငန်းတွေကို မိမိမတိုင်ခင်
ယခင်လုပ်ခဲ့သူများ၊ မိမိနဲ့ တချိန်တည်းလုပ်ကိုင်ခဲ့သော ကုမ္ဗဏီများ
အခြေအနေနှင့် အကျိုးအမြတ်၊ ယခုခေတ်လုပ်ကိုင်နေသော လုပ်ငန်းရှင်များနှင့်
လုပ်ပိုင်ခွင့်ရရှိသည့်အခြေအနေများကို မြန်မာပြည်သူ ပြည်သားများ၏ အနာဂါတ်
လှပ တိုးတက်စေရေးအတွက် မိမိရိုးသားမှု၊ ပွင့်လင်းမြင်သာမှုတို့ဖြင့်
ကမ္ဘာသို့တင်ပြသွားပါမယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ ... အခုလေးတင် သူရိယနေ၀န်းအကြောင်း စီးပွားရေးမှာ အမြဲတမ်းရန်သူမရှိ http://blog.irrawaddy.org/2013/11/blog-post_8603.html
ဆိုပြီး ဒီဘလော့မှာ ရေးခဲ့ပါသေးတယ်။ ရှေ့တပတ်ထုတ် သူရိယနေ၀န်းမှာ
ဦးတေဇရဲ့ တုံ့ပြန်ချက်နဲ့ ပတ်သက်ပြီး တခုခု ပါလာလေမလား ဆိုပြီး ဂျာနယ်ကို
အလုအယက် ၀ယ်ဖတ်ကြဦးမယ်လို့ ယူဆရပါတယ်။
ဦးတေဇက တရားစွဲမယ်လို့
ဆိုရလောက်အောင် ဂျာနယ်ထဲ ဘာတွေ ရေးထားပါလိမ့် ဆိုတာကို သိလိုကြသူ
အများအပြား ရှိမှာ ဖြစ်တဲ့အတွက် ဒီနေ့ထုတ်လည်း ထင်ထားတာထက် ပိုပြီး
အရောင်းသွက်ဖွယ် ရှိပါတယ်။
Irrawaddy blog
No comments:
Post a Comment