ပြည်ပကုမ္ပဏီများကို အသစ်လုပ်ကိုင်ခွင့် ပြုထားသော နတ်မောက်မြို့နယ် အတွင်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့
လုပ်ငန်းများတွင် မြန်မာလုပ်သား
၇၅ ရာခိုင်နှုန်း အသုံးပြုရန် အဆိုပါ ရေနံနှင့် သဘာဝဓာတ်ငွေ့
လုပ်ကွက်များကို တင်ဒါ အောင်မြင်ထားသည့် ကုမ္ပဏီများနှင့် သဘောတူညီမှု
ရရှိထားကြောင်း စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ဇော်က
ပြောကြားသည်။
ယင်းဒေသရှိ တူးဖော်ရေး လုပ်ငန်းများကို
ပြည်ပကုမ္ပဏီများနှင့် စွမ်းအင်ဝန်ကြီးဌာနတို့က အကျိုးတူ ပူးပေါင်း
လုပ်ကိုင်ခြင်း ဖြစ်ပြီး လုပ်ငန်း ဆောင်ရွက်သည့် ပထမ ၂ နှစ်တွင် ကျွမ်းကျင်
မြန်မာနိုင်ငံသား၂၅ ရာခိုင်နှုန်း၊ ဒုတိယ ၂ နှစ်တွင် ၅၀ ရာခိုင်နှုန်းနှင့်
တတိယ ၂ နှစ်တွင် အနည်းဆုံး ၇၅ ရာခိုင်နှုန်း ခန့်အပ် လုပ်ကိုင်ခွင့်ပြုရန်
သဘောတူညီမှု ပြုလုပ်ထားကြောင်း ၎င်းက ရှင်းပြသည်။
ဒေသတွင်း
လုပ်ကွက်များသည် စီးပွားဖြစ် လုပ်ငန်းများ ဖြစ်သောကြောင့် နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် အညီ ပြည်တွင်းရှိ လုပ်သားများကို
ကျွမ်းကျင်သင်တန်းများ၊ လက်တွေ့လုပ်ငန်းများ စီစဉ်ဆောင်ရွက် ပေးနေကြောင်း၊
၂၀၁၂-၁၃ ခုနှစ်တွင် BOC တူးဖော်ခဲ့သည့် နတ်မောက်မြို့ အနောက်ဘက်
ဝက်ချုပ်ကျေးရွာရှိ တွင်းအမှတ် (၄) မှ ဓာတ်ငွေ့ (၀ ဒသမ ၂) ကုဗပေသန်း
ရရှိသော နေရာတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေးတွင်းများ ပြုလုပ်နေပြီ
ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
နတ်မောက်မြို့ရှိ
ကုန်းတွင်းရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်သုံးခုကို ၂၀၁၃ ခုနှစ်အတွင်းတွင်
ထိုင်းအခြေစိုက် PTTEP ကုမ္ပဏီနှင့် မလေးရှားအခြေစိုက် Carigali Myanmar
ILC ကို စွမ်းအင်ဝန်ကြီးဌာနက လုပ်ပိုင်ခွင့် ပြုထားသည်။
မကွေးတိုင်း နတ်မောက်မြို့နယ်ရှိ ကုန်းတွင်း လုပ်ကွက်များဖြစ်သော ရေနံ၊
သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် သတ္တုတူးဖော်ရေး လုပ်ငန်းများကို
ပြည်ပကုမ္ပဏီများမှ ဝင်ရောက် လုပ်ကိုင်ခြင်းတွင် ယမန်နှစ်က ဖြစ်ပွားခဲ့သည့်
လက်ပံတောင်းတောင် ပဋိပက္ခကဲ့သို့ ဖြစ်ပွားစေနိုင်ကြောင်း နတ်မောက်
မဲဆန္ဒနယ်မှ ဦးအောင်ကျော်စိုးက ဆိုသည်။
The Voice Weekly
No comments:
Post a Comment