ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံး သပ်ရေးဆိုင်ရာ အစီရင်ခံစာ တင်သွင်းရမည့်ရက်
တစ်လ နောက်ဆုတ်ခြင်းကို မူအားဖြင့် မကြိုက်ကြောင်း အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်
က နိုဝင်ဘာ ၄ ရက်တွင် သတင်းထောက်များကို
ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က ''အမေက ပြောရမယ်ဆိုရင်
အဲဒီအခြေအနေတွေ၊ နောက်ဆုတ် တာတွေဆိုရင် မူအားဖြင့် မကြိုက်ဘူး။
ဘာဖြစ်လို့လဲဆိုတော့ ကိုယ်သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ
ကိုယ့်အလုပ်တစ်ခုကို ပြီးအောင်လုပ်ရမယ်။ သို့သော်လည်း ဘယ်လောက်လောက်
ခိုင်ခိုင်မာမာ အကြောင်းပြချက် ခိုင်ခိုင်မာမာရှိလဲ၊ မရှိလဲဆိုတာ
အမေမသိသေးဘူး။ ဒီနေ့မနက်မှ ဒီရောက်လာတယ်။ ဒီလိုဖြစ်တယ် ဆိုတာသိတာ။ ဂဃနဏ
မသိသေးခင်တော့ မှတ်ချက်တော့ မချသေးချင်ဘူး။ မူအားဖြင့် ပြောမယ်ဆိုရင်
ဒီလိုကော်မတီတွေ၊ ကော်မရှင်တွေ အလုပ်တစ်ခု စလုပ်မယ်ဆိုရင်
ကိုယ်သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာတော့ ပြီးအောင်တော့လုပ်ဖို့
အရေးကြီးတယ်ထင်တယ်'' ဟု ပြောကြားသည်။
ပြည်သူ့ဆန္ဒ တောင်းခံချိန်
တိုတောင်းမှု၊ ပြည်သူ့ထံမှ ရရှိသည့် အကြံပြုချက်များ အသေးစိတ် ဆွေးနွေးရန်
အချိန်မလုံလောက်မှု၊ ဒီဇင်ဘာ အားကစားလနှင့် တိုက်ဆိုင်နေမှု တို့ကြောင့်
ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံး သပ်ရေး ကော်မတီ၏ ပြည်ထောင်စု
လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းရမည့်ရက်ကို တစ်လနောက်ဆုတ်ရန်
ဆုံးဖြတ်ခဲ့သည်။
ယခင်က အကြံပြုချက်များကို နိုဝင်ဘာ ၁၅ ရက်
နောက်ဆုံးထား ပေးပို့ကြရန် ပြည်သူများထံ တောင်းခံခဲ့ကြောင်း၊ ထို့အတူ
ကော်မတီ၏ အစီရင်ခံစာကို ဒီဇင်ဘာ ၃၁ ရက်တွင် ပြည်ထောင်စု လွှတ်တော်သို့
တင်မည်ဟု ဆုံးဖြတ်ထား ခဲ့ကြကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment