၂၀၁၃ခုနှစ်ထဲမှာအောင်မြင်မှုတွေ အရှိန်အ၀ါတော
က်ပခဲ့သလို လူငယ်တွေ
သည်းသည်းလှုပ် အားပေြး
ခင်းခံရတဲ့ ဖွေးဖွေးနဲ့ တွေ့ဆုံချိန်မှာ သူမရဲ
့အနုပညာလှုပ်ရှားမှုနဲ့
ပတ်သက်ပြီး မေး
ကြည့်ဖြစ်တဲ့အခါ ‘အခုရိုက်နေတဲ့ ကားလေးက Poison Money တဲ့။
ကောင်းပြည့်နဲ့ ပထမဆုံးရိုက်တဲ့ကားပေါ့။ ဒါရိုက်တာက ကိုဝိုင်းပါ။
ထုတ်လုပ်ရေးကတော့ စိန်ဌေးပေါ့။ ဒီဇာတ်ကားလေးက လူတွေရဲ့
ဖြစ်တတ်တဲ့
သဘာဝတွေပေါ့နော်။ ဒါပေမဲ့ ဒါက လက်တွေ့ကျတဲ့ကားမျိုးတော့ မဟုတ်ဘူး။
နည်းနည်းမျက်လှည့်ဆန်တယ်။ မှော်ဝင်အိုးလေးကို ဖွေးကရထားပြီး အဲဒီအိုးလေးက
ကိုယ့်ကို အသားနာရင် ပိုက်ဆံထွက်တာပေါ့။ နည်းနည်းတော့ စိတ်ကူးယဉ်ဆန်တယ်။
ဒါပေမဲ့ သင်ခန်းစာတွေတော့ပါပါတယ်။ ငွေနဲ့တွေ့ရင်ဖြစ်သွားတတ်တဲ့ လူတွေရဲ့
လောဘစိတ်ပေါ့။ ဘ၀အချိုးအကွေ့မှာ လူတွေရဲ့ အပြောင်းအလဲတွေ၊ သင်ခန်းစာတွေ
အများကြီးပါပါတယ်။ ဒီကားလေးကို ရိုက်နေရင်း ဖွေးအရမ်းအားရပါတယ်။’လို့
ဖွေးဖွေးက ပြောပါတယ်။ ဒါရိုက်တာကိုဝိုင်းနဲ့ ပတ်သတ်ပြီးတော့လည်း သူမက
ခုလို ပွင့်ပွင့်လင်းလင်း ဆိုပြန်ပါတယ်။ ‘ကိုဝိုင်းကို စစတွေ့ချင်းမှာရော၊
အခုရောပဲ အရမ်းကြောက်တယ်။ သူက ကိုယ်ဘာမှမတတ်သေးခင်ကတည်းက ၊
သရုပ်ဆောင်လောကနဲ့အစိမ်းသက်သက်မှာ ကတည်းက သရုပ်ဆောင်အသစ်တစ်ယောက်ကို
ရုပ်ရှင်ကားကြီးခေါ်ရိုက်ခဲ့တယ်။ ကိုယ်မသိသေးတာတွေ၊ အများကြီးပါပ။ဲ
အိုက်တင်နဲ့ပတ်သတ်ပြီးတော့လဲအများကြီးသင်ပေးတယ်။ ကိုဝိုင်းနဲ့ဖွေးနဲ့က
ပြောမနာ၊ဆိုမနာတွေ။ ပြီးတော့ အနုပညာအလုပ်တွေနဲ့ပတ်သတ်ပြီးတော့လဲ
အမြဲတိုင်ပင်ဖြစ်ပါတယ်။ ပြီးတော့ ကိုဝိုင်းက တော်တော်ရှားတဲ့လူထဲမှာပါတယ်။
အားလုံး သိတဲ့အတိုင်းပဲ နှုတ်သိပ်မချိုဘူး။ ဒါပေမဲ့
စိတ်ထားအရမ်းကောင်းတယ်’လို့ပြောပါတယ်။
ကားရိုက်လက်ခံမှုနဲ့
ပတ်သက်ပြီး မေးမြန်းဖြစ်တဲ့အခါမှာတော့ ‘ဖွေးက ကားအရေအတွက်တွေ
အများကြီးထက်စာရင် ကိုယ်တကယ်ကြိုက်တဲ့ကား၊ ကိုယ်တကယ်ရင်ခုန်တဲ့ကားလေးတွေ
ကိုယ်တကယ် ရှုးသွပ်တဲ့ကားလေးတွေကို ဖြေးဖြေးမှန်မှန်နဲ့ရိုက်သွားပြီးတော့
ပရိသတ်ဆီကို အသစ်တစ်ခုအနေနဲ့ ဖြစ်မယ့် ကားမျိုးကိုရိုက်ချင်တယ်’ တဲ့။
သီချင်းနဲ့ပတ်သတ်ပြီးကြာနေတာကိုတော့ သူမက ‘၃ နှစ်ကျော်လောက်ရှိပြီ။
လုပ်လိုက်၊ မလုပ်လိုက်ပေါ့နော်။ ဂီတနဲ့ပတ်သတ်တဲ့ အိမ်မက်က ငယ်ငယ်ကတည်းက
ရှိခဲ့တာ၊ ငယ်ငယ်ကတည်းက အဆိုတော်အရမ်းဖြစ်ချင်တဲ့အတွက် အများကြီး
အချိန်ပေးပြီးတော့ ကြိုးစားရဦးမှာပါ’လို့ ပြောပါတယ်။
ဇာတ်ရုပ်တစ်ခုရိုက်တိုင်း အလှထက် ဇာတ်ကောင်ကို ပိုဦးစားပေးတဲ့ သူမရဲ့
အားသာချက်ကို ဖွေးဖွေးက ‘အမှန်အတိုင်းပြောရရင် ဒီလောကထဲကို ၀င်လာတာ
မင်းသမီးဖြစ်ချင်လို့မဟုတ်ဘူး။ သရုပ်ဆောင်ဖြစ်ချင်လို့ဝင်လာခဲ့တာ၊
ကာရိုက်တာကို အဆိုးရော၊ အကြမ်းရော၊ အမာရော၊ အပျော့ရော
အကုန်လုံးဖြစ်အောင်လုပ်နိုင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်တာ။
မင်းသမီးဆိုတာကို ထက် Artist တစ်ယောက်ပဲဖွေးကဖြစ်ချင်တာပါ။
ဖွေးရဲ့ခေါင်းထဲမှာ လှဖို့မလှဖို့ထက် ကာရိုက်တာဝင်ဖို့ကိုပဲ
ပိုကြိုးစားပါတယ်။ ဒါပေမဲ့လှဖို့ကြိုးစားတာလေးတွေလဲ
ကာရိုက်တာအရတော့ရှိပါတယ်’တဲ့။
Trend Myanmar
No comments:
Post a Comment