နိုဝင်ဘာလ (၂၇) ရက်နေ့ မြန်မာစံတော်ချိန် မနက်၂း၁၅ တွင် UEFA ချန်ပီယံလိဂ် အုပ်စု (E) ပွဲစဉ်ဖြစ်သည့်
ဘေဆယ် အသင်းနှင့် ချယ်လ်ဆီး အသင်းတို့ အုပ်စု ပွဲစဉ် (၅) ပွဲမြောက်အဖြစ်
ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။
ပွဲအပြီးမှာ အိမ်ရှင် ဘေဆယ်အသင်းမှ
ချယ်လ်ဆီးအသင်းကိုဆာလာ ၏ နောက်ကျသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ပါသည်။
ထိုအနိုင်ရလဒ်ကြောင့် ဘေဆယ်အသင်းသည် (၁၆) သင်းရှုံးထွက်အဆင့်ကို
တက်ရောက်နိုင်ဖို့ မျှော်လင့်ချက် တစ်ခု ဖြစ်လာခဲ့ပါသည်။ ချယ်လ်ဆီးအသင်း
အနေနဲ့ကတော့ တဘက်ပွဲစဉ်ဖြစ်သည့် ရှော်ကေး နှင့် စတူအာ ဘူခါရက်အသင်းတို့
ဂိုးမရှိ သရေပွဲဖြစ်ခဲ့တာကြောင့်၊ အုပ်စု ဒုတိယမှ ဘေဆယထက် (၁) မှတ် သာ နဲ့
ရှော်ကေးထက်လည်း (၂) မှတ်အသာ အခြေအနေဖြစ်လာခဲ့ပါသည်။
ထို့အပြင်နောက်ဆုံးပွဲစဉ်တွင် ဘေဆယ် အသင်း နှင့် ရှော်ကေးအသင်းတို့
တွေ့ဆုံကြမှာမို့ ပွဲစဉ် (၅)ပွဲအပြီးတွင် နောက်တစ်ဆင့်သို့
တက်ရောက်ရေးကြိမ်းသေ သွားခဲ့ခြင်း ဖြစ်ပါသည်။
ဘေဆယ်အသင်းသည်
ယခုပွဲမှာ အိမ်ရှင်ဖြစ်တာနဲ့အညီ ပြိုင်ဘက် ချယ်လ်ဆီးအသင်းကို
ပွဲစသည်ဆိုကတည်းက အကောင်းဆုံး ယှဉ်ပြိုင် တိုက်စစ်ဆင်ကစားခဲ့သည်ကို
မြင်တွေ့ရပါသည်။ ပွဲချိန်အတွင်းမှာ ချယ်လ်ဆီးဂိုးသမား ပီတာချက်၏
အကောင်းဆုံး လက်စွမ်းပြနေမှုများကြောင့် ဂိုးစောစောမပေးခဲ့ရခြင်းက
ချယ်လ်ဆီးအသင်းအတွက် ကံကောင်းခဲ့ ပါသည်။ သို့ပေမည့်လည်း ဘေဆယ်အသင်းအတွက်
အရေးကြီးတဲ့ အနိုင်ဂိုးကိုတော့ ပွဲချိန် (၈၇) မိနစ်မှာ ကွင်းလယ်မှ
ဖြတ်တင်ပေးသော ဘောလုံးကို တိုက်စစ်မှုး ဆာလာ ကနေပြီး အသာအယာထိန်းကာ ဂိုးရှေ
့ကို ဆွဲထုတ်လာပြီးပီတာချက်၏ ညာဘက်ထောင့်ဆီကို သေသပ်စွာ ကန်သွင်းနိုင်မှုနေ
တဆင့် ရရှိခဲ့ပါသည်။ ပွဲအပြီးမှာ ဘေဆယ်အသင်းမှ ချယ်လ်ဆီးအသင်းကို ၁ ဂိုး
ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ယခုနှစ် ချန်ပီယံလိဂ် အုပ်စုအဆင့်
တွေ့ဆုံမှု (၂) ကြိမ်စလုံးမှာ အနိုင်ရခဲ့ပါသည်။ ထို့အပြင် ယနေ့ပွဲအတွက်
အကောင်း ဆုံးကစားသူတစ်ယောက် ဖြစ်ခဲ့တဲ့ ဆာလာကလည်း ချယ်လ်ဆီးအသင်းနဲ့
တွေ့ဆုံသည့် ပွဲစဉ်တိုင်းမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ကစားသမားလည်း
ဖြစ်ခဲ့ပါသည်။ ယနေ့ပွဲ နိုင်ပွဲသည် ဘေဆယ်အသင်းအတွက် ယခုနှစ် UEFA
ချန်ပီယံလိဂ် ကန်ပြီးသည့် ပွဲစဉ်တွေမှည ပထမဦးဆုံး ဂိုးမပေးရသည့် ပွဲတစ်ပွဲ
လည်းဖြစ်ခဲ့ပါသည်။ ထို့အပြင်လည်း ဘေဆယ်အသင်းအနေနဲ့
အင်္ဂလန်ကလပ်အသင်းများနှင့် (၈) ကြိမ်တိတိတွေ့ဆုံ ကစားခဲ့ရာတွင် တစ်ကြီမ်သာ
ရှုံးနိမ့်ဖူးပြီး ကျန်တဲ့ပွဲများ ကတော့ နိုင်( ၃) ပွဲ၊ သရေ (၄)
ပွဲဖြစ်ခဲ့ပါသည်။ ချန်ပီယံလိဂ် အုပ်စုနောက် ဆုံးပွဲစဉ်အဖြစ်
ချယ်လ်ဆီးအသင်းက အုပ်စုနောက်ဆုံး စတူအာ ဘူခါရက်အသင်းနှင့်
ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး အနိုင်ရရှိပါကအုပ်စု ပထမဖြင့် (၁၆)
သင်းရှုံးထွက်ကို တက်ရောက်နိုင်မည် ဖြစ်ပြီး၊ ဘေဆယ်အသင်းကတော့
နောက်ဆုံးပွဲအဖြစ် ရှော်ကေးကွင်းမှာ သွားရောက်ကစားရမည် ဖြစ်ပြီး သရေ
တစ်မှတ် ယူနိုင်ပါက နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မည် ဖြစ်ပါတော့၏။
Written by မိုးတိမ် (တမာမြေ)
http://www.football-cafe.com/
No comments:
Post a Comment