ပုသိမ်လေယာဉ်မောင်းသင်တန်းကျောင်းမှ လေယာဉ်များ မလေးရှားနှင့် ဖိလစ်ပိုင် သင်တန်းကျောင်းများရှိ လေယာဉ်များထက် မညံ့ဟု ဦးတေဇ ပြော
ပုသိမ်မြို့ ရှိ မြို့ပြလေကြောင်းလေ
ယာဉ် မောင်း သင်တန်းကျောင်းတွင် ဝယ်ယူအသုံးပြုထားသည့် လေ ယာဉ်များ သည်
အရှေ့တောင် အာရှနာမည်ကြီးသင်တန်းကျောင်း များတွင်အသုံးပြုထားသည့် လေ
ယာဉ်များထက်မညံ့ဟု ယင်းသင် တန်းကျောင်းတည်ထောင်သူ ထူး ဖောင်ဒေးရှင်းနာယက
ဦးတေဇက ပြောသည်။
ထူးဖောင်ဒေးရှင်းနာယ ကဦးတေဇက ''ကျွန်တော်တို့ ဒီ သင်တန်းကျောင်းအတွက်သုံး
မယ့်လေယာဉ်က DA ၄၂ လို့ ခေါ်တဲ့ နိုင်ငံတကာမှာသုံးနေ
တဲ့လေယာဉ်တွေဖြစ်ပါတယ်။
အရှေ့တောင်အာရှနဲ့ နှိုင်းယှဉ် ပြောမယ်ဆိုရင်
လက်ရှိ မလေး ရှားတို့ ဖိလစ်ပိုင်တို့မှာရှိတဲ့ နာ
မည်ကြီးတဲ့ကျောင်းတွေမှာသုံး တဲ့လေယာဉ်ထက် မညံ့ပါဘူး''ဟုပြောသည်။
အဆိုပါလေယာဉ်မောင်း သင်တန်းကျောင်းအတွက် လက် ရှိတွင် ခေတ်မီလေယာဉ်ဖြစ် သည့်
ဩစတြေးလျနိုင်ငံ ထုတ် ဒိုင်းမွန်း DA ၄၀ AG လေယာဉ် အမျိုးအစား
လေယာဉ်သုံးစင်း ဝယ်ယူပေး ထားပြီး နောက်ထပ် DA ၄၂ လေယာဉ်များနှင့် လို
အပ်သည့်လေယာဉ် များကိုလည်း ထပ်မံဝယ်ယူဖြည့်ဆည်းသွား မည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment