မုဒုံမြို့၊ ၀င်းစိန်တောရဆရာတော်ထံသို့ ထိုင်းဘုရင်မင်းမြတ်မှ ကထိန်သင်္ကန်းပေးပို့လှူဒါန်း
မုဒုံမြို့၊ ၀င်းစိန်တောရဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ
ဘဒ္ဒန္တကေသရ ထံသို့ ထိုင်းနိုင်ငံဘုရင်မင်းမြတ် မှ ကထိန်သင်္ကန်းကို ၄င်း၏
ဘုရင့်ကိုယ်စားလှယ်အဖွဲ့မှတဆင့် ယနေ့ (၁၆-၁၁-၂၀၁၃) ရက်နေ့တွင် ပေးပို့လှူဒါန်းဆက်ကပ်ခဲ့ကြောင်း သိရှိရသည်။
ဝင်းစိန်တောရ၏ ယနေ့ကျင်းပပြုလုပ်သော မဟာဘုံကထိန်ပွဲတွင် ထိုင်းဘုရင်မင်းမြတ်မှ ၀င်းစိန်ဆရာတော်ဘုရားကြီးနှင့်တကွ
ပင့်သံဃာ (၁၆၀) အား ကထိန်သင်္ကန်းနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခြင်း၊
သံဃာအပါး (၁၀၀၀) အား ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဧည့်ပရိတ်သတ်များအား
စတုဒိတာ ကျွေးမွေးခြင်းတို့ကို လှူဒါန်းခဲ့သည်။
ဆရာတော်ဘုရားကြီး၏ ကထိန်ပွဲသို့ ထိုင်းဘုရင်မင်းမြတ်မှ ရဟန်း (၂) ပါး
အပါအ၀င် ကိုယ်စားလှယ် (၈) ဦး စေလွှတ်ခဲ့ကြောင်း သိရှိရသည်။ —
No comments:
Post a Comment