မြန်မာနိုင်ငံ၏ ပညာရေးပြုပြင်ပြောင်းလဲမှု အခြေအနေ
များကြောင့် နိုင်ငံတကာတက္ကသိုလ်များမှ မြန်မာေ
ကျာင်းသား၊ ကျောင်းသူများအားပညာသင်ထောက်
ပံ့ကြေးများ ပိုမိုပေးအပ်လာကြကြောင်း နိုင်ငံတကာ ပညာရေးအသိုင်းအဝိုင်းမှ သိရသည်။
ထိုကဲ့သို့ ပေးအပ်လာခြင်းသည် နိုင်ငံတကာ
သို့သွားရောက်သည့် ကျောင်းသားများ
လျော့ကျ
သွားခြင်း ကြောင့်မဟုတ်ဘဲအဆိုပါ နိုင်ငံတကာတက္ကသိုလ်များမှ
မြန်မာနိုင်ငံ၏ပညာရေး ပြုပြင်ပြောင်းလဲမှုများ ကို
စိတ်ဝင်စားလာကြခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
"ပြောင်းလဲလာတဲ့
မြန်မာနိုင်ငံရဲ့ ပညာရေးအခြေအနေ၊ မူဝါဒတွေအလိုက် နိုင်ငံခြားတက္ကသိုလ်တွေက
မြန်မာနိုင်ငံအပေါ် ပိုပြီးစိတ်ဝင်စားလာကြတာ တွေ့ရပါတယ်။
ဖွံ့ဖြိုးမှုနည်းတဲ့နိုင်ငံက ကျောင်းသား တွေကိ ပညာသင်ထောက်ပံ့ကြေးတို့၊
ပညာသင်ဆုတို့ပေးဖို့ ပိုပြီးကမ်းလှမ်းလာကြတယ်။ အဲဒီအတွက်
ဒီမှာတက္ကသိုလ်ဝင်တန်းအောင်ပြီးလို့ နိုင်ငံရပ်ခြားအတွေ့အကြုံယူချင်တဲ့
ကလေးတွေအတွက် အခွင့် အရေးပိုပြီးရှိလာပါတယ်" ဟုပြည်ပပညာရေး အတိုင်ပင်ခံ
ဦးအောင်ကျော်ဆန်းက ပြောသည်။
ပညာသင်ထောက်ပံ့ကြေး ပေးအပ်ရာတွင်
စီးပွားရေးဘာသာရပ်များ၊ အင်ဂျင်နီယာဘာသာရပ်များ၊ အမ်ဘီအေ၊ ဥပဒေပညာရပ်၊
ဟိုတယ်ခရီးသွားဘာသာရပ်များနှင့် တက္ကသိုလ်အကြိုဖောင်ဒေးရှင်း
ပရိုဂရမ်များဖြစ်ကြောင်း သိရသည်။
Study Abroad
သတင်းအချက်အလက်စင်တာမှ ဒါရိုက်တာဒေါ်လွင်လွင်အောင်က "ပညာသင်ဆု တွေ၊
ပညာသင်ထောက်ပံ့ကြေးတွေ ပိုပြီးပေးအပ်လာတာ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှာ
ပိုပြီးပေးလာ ပါတယ်။ အဲဒီမှာ တကယ်တော်တဲ့၊ ထူးချွန်တဲ့ကလေးတွေပဲရကြတာပါ။
ကလေးတွေပိုပြီးကြိုးစားဖို့ အခွင့်အရေးတွေရှိလာတဲ့အတွက်
ကြိုးစားကြစေချင်တယ်။ မိဘက ငွေကြေးတတ်နိုင်လို့ ကျောင်းထား ပေးပေမယ့်
သားသမီးက မကြိုးစားရင်လဲ နိုင်ငံခြားမှာ ကျောင်းသွားတက်တာ
အချည်းအနှီးပဲဖြစ်မှာ ပါ" ဟုဆိုသည်။
ပညာသင်ဆုပေးအပ်လာသည့်နိုင်ငံတကာ တက္ကသိုလ်များတွင် စင်ကာပူ၊ အင်္ဂလန်၊ ထိုင်း၊
ကိုရီးယား၊ မလေးရှား၊ အမေရိကန်၊ သြစတြေးလျ၊ ဂျာမနီစသည့်နိုင်ငံကြီးများ
အများဆုံးပါဝင်ပြီးယင်းနိုင်ငံများ၌ သက်ဆိုင်ရာဘာသာရပ်အလိုက်
ကျောင်းတက်ရောက်မည်ဆိုပါက မြန်မာငွေသိန်းရာဂဏန်းမှ ထောင် ဂဏန်းအထိ
ကုန်ကျနိုင်မည်ဖြစ်သည်။
The Yangon Times Daily
No comments:
Post a Comment