မြန်မာနိုင်ငံ၏ တရားဝင်နယ်စပ် ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသ မ ၇ ဘီလျံကျော်
ရရှိထားပြီး ယခင်ဘဏ္ဍာရေး နှစ်ထက် ဒေါ်လာ ၈၉၃ သန်းကျော် ကုန်သွယ်မှု
ပိုမိုပြုလုပ် ထားကြောင်း ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ
ဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံ၏ နယ်စပ်တစ်လျှောက်တွင် တရုတ်၊
ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေရှ့်စသည့် အိမ်နီးချင်း နိုင်ငံများနှင့်
ကုန်သွယ်မှု ပြုလုပ်နိုင်ရန် ဖွင့်လှစ်ထားသည့် နယ်စပ်ကုန်သွယ်ရေး
စခန်းပေါင်း ၁၅ ခု ရှိပြီး အဆိုပါ နယ်စပ်အသီးအသီးမှ ယခုဘဏ္ဍာရေးနှစ် ဖြစ်သည့်
၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ခုနစ်လအတွင်း စုစုပေါင်း
ကုန်သွယ်မှု ပမာဏဖြစ်ကြောင်း သိရသည်။
ခုနစ်လ အတွင်း၌
ပို့ကုန်အမေရိကန် ဒေါ်လာ ၁၇၅၇ ဒသမ ၄၃၃ သန်းနှင့် သွင်းကုန် အမေရိကန်ဒေါ်လာ
၁၀၃၅ ဒသမ ၃၀၂ သန်းဖိုး ကုန်သွယ်မှု ပြုလုပ်ထားခြင်းဖြစ်ကာ ယခင်ဘဏ္ဍာနှစ်ကထက်
ပို့ကုန်ရော သွင်းကုန်ပါ ကုန်သွယ်မှု ပိုမိုပြုလုပ်ထားခြင်း ဖြစ်သည်။
အိမ်နီးချင်း နိုင်ငံများနှင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် မြန်မာ-တရုတ်
နယ်စပ်ရှိ ကုန်သွယ်ရေး စခန်းများမှ ကုန်သွယ်မှု အများဆုံး ပြုလုပ်ပြီး
မြန်မာ-ထိုင်း နယ်စပ်မှ ဒုတိယ ကုန်သွယ်မှု အများဆုံး ပြုလုပ်ထားကြောင်း
သိရသည်။
နိုင်ငံတွင်းသို့ ကုန်စည်များ စီးဆင်းဝင်ရောက်လျက်
ရှိရာတွင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအပြင် ပင်လယ်ရေကြောင်း ကုန်သွယ်မှု
လမ်းကြောင်းဖြင့် ကုန်သွယ်မှု ပြုလုပ်လျက်ရှိရာ နယ်စပ်မှ တရားမ၀င်
ကုန်စည်များ စီးဆင်းဝင်ရောက်မှု များပြားနေကြောင်း သိရသည်။
မြန်မာနိုင်ငံ အနေဖြင့် အိမ်နီးချင်း နိုင်ငံများနှင့် ကုန်သွယ်မှု
ပြုလုပ်ရာတွင် ပင်လယ်ရေ လမ်းကြောင်းမှတစ်ဆင့် ကုန်သွယ်မှု ပြုလုပ်ရာ၌
ကုန်သွယ်မှု လိုငွေပြနေပြီး နယ်စပ်မှ ကုန်သွယ်ရာတွင် ကုန်သွယ်မှု ပိုငွေပြနေ
သော်လည်း မြန်မာ-ထိုင်း နယ်စပ်မှ ကုန်သွယ်မှု ပြုလုပ်ရာတွင် တရားမ၀င်
ကုန်သွယ်မှုများ ရှိနေခြင်းကြောင့် ကုန်သွယ်မှုလိုငွေများ
ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment