ရခိုင်ပြည်နယ် ကျောက်ဖြူ၌ ကမ်းလွန်ရွှေ
သဘာဝဓါတ်ငွေ့
စီမံကိန်းလုပ်ငန်း
များဆောင်ရွက်နေသည့် CNPC ၏ လက်အောက်ခံ
ကိုးရီးယားအခြေစိုက် ကျောက်ဖြူဒေ၀ူးကုမ္ပဏီ၏
အနောက်ဘက်ကမ်းလွန်ပင်လယ်ပြင်၌ နိုင်ငံခြား
သားဟု ယူဆရပြီး နိုင်ငံခြား
အလုပ်သမား
ဝတ်စုံဝတ်ဆင်ထားသည့် လူသေရုပ်အလောင်း တစ်လောင်းကို ပုပ်ပွလျက်
ကျီးကန်းများနားကာ
မျောပါလာသည်ကို တွေ့ရှိခဲ့ကြောင်းကျောက်ဖြူ(M.0.G.E)မှ
အမည်မဖေါ်လိုသည့် ၀န်ထမ်းတစ်ဦးထံမှ သိရှိရသည်။
အဆိုပါနိုင်ငံခြားသားဟုယူဆရသည့်ရုပ်အလောင်းကို နိုဝင်ဘာ ၁၂ ရက်နေ့
နေ့လယ်တစ်နာရီခွဲအချိန်ခန့်က ဒေ၀ူးကုမ္ပဏီ၏ YS-483MK-11T0ISASONATA သင်္ဘောမှ
တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ M.O.G.E ၀န်ထမ်းမှ နိုဝင်ဘာ ၁၃ ရက်နေ့က
ပြောကြားခဲ့ခြင်းဖြစ်သည်။
''လူသေအလောင်းတွေ့လို့ဆိုပြီးM.O.G.Eမှအထူးအရာရှိဦးကြည်သောင်းကစခန်းကို
အကြောင်းကြား သတင်းပေး ပို့လို့ ကျောက်ဖြူဆိမ်ကမ်းကို ဆယ်ယူပြီးတော့
ရဲလုပ်ထုံးလုပ်နည်းနဲ့အညီစစ်ဆေးဖို့ ကျောက်ဖြူခရိုင် ပြည်သူဆေးရုံကြီး ကို
ပေးပို့ခဲ့ပါတယ်''ဟု ကျောက်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ အမည်မဖော်လိုသူ
ရဲအရာရှိတစ်ဦးက အတည်ပြု ပြောကြားသည်။
အဆိုပါဖြစ်စဉ်အားနိုဝင်ဘာလ
၁၃ ရက်နေ့ နေ့လည်တစ်နာရီ အချိန်တွင်ကျောက်ဖြူရဲစခန်းက သေမှုသေခင်း
ဖြစ်စဉ်(၂၅/၂၀၁၃)ဖြင့် အမှုဖွင့်ပြီး စခန်းမှူးရဲအုပ် စိုးကျော်က
တရာစွဲဆိုထားကြောင်း သိရသည်။
လွန်ခဲ့သည့် သြဂုတ်လအတွင်းကလည်း CNPC
၏ လက်အောက်ခံယူနန်ကုမ္ပဏီမှ တရုတ်အလုပ်သမား လူမော်ဟို ပုပ်ပွသေဆုံးနေသည်ကို
မဒေးကျွန်းပင်လယ်ကမ်းစပ်တွေ့ရှိခဲ့ပြီး တစ်လနီးပါးစစ်ဆေးပြီးနောက်
တရားခံကို ဖော်ထုတ်နိုင်ခဲ့ကြောင်း ကျောက်ဖြူရဲစခန်းမှ သိရှိရသည်။
Myit Ma Kha Media Group.
No comments:
Post a Comment