Pages

12.11.13

မြန်မာ့အရပ်အရှည်ဆုံးလူသားစင်ကာပူသို့ ဒုတိယအကြိမ်ဆေး စစ်ရန်သွားရောက်

ဟိုမုန်းပြောင်းလဲမှုကြောင့် ကြီးထွားမှု လွန်ကဲသူ ကိုဝင်းဇော်ဦးသည် ဒုတိယအကြိမ် အဖြစ် ဆေးစစ်ရန် စင်ကာပူနိုင်ငံသို့ ယနေ့နံနက် ၁ဝ နာရီကထွက်ခွာသွားသည်။


အရပ် ၇ပေနှင့် ၁ဝလက်မရှိ ကိုဝင်းဇော်ဦး သည် ဦးနှောက်အတွင်းရှိ ပီကျူထရီဂလန်းမှ ကြီးထွားဖွံ့ဖြိုးစေသည့် ဟိုမုန်းအထွက်များမှုကြောင့် သြဂုတ်လက စင်ကာပူနိုင်ငံတွင် သွားရောက် ခွဲစိတ်ခဲ့ပြီးဖြစ်သည်။
''ပထမအကြိမ် ခွဲစိတ်တဲ့ဟာက ဒီမှာ ဘာမှမစစ်ဆေးပါဘူး၊ အခြေအနေက ကုသမှု လုပ်ဖို့ ဒီကိုအပြီးမလွှဲပေးသေးဘူး၊ အဲ့ဒီအတွက် အတွင်းပိုင်းအခြေအနေကို ဟိုမှာသွားပြီး စစ်ဆေး စမ်းသပ်ပြီးမှ သိရမှာပါ''ဟု နိုဗယ် အသည်း၊ သည်းခြေနှင့် အစာအိမ်အူလမ်းကြောင်း ဆေးရုံမှ ဒေါက်တာမြတ်သူမင်းကပြောသည်။

ကိုဝင်းဇော်ဦးမှာ အဆိုပါဟိုမုန်း ပြောင်းလဲမှု ဖြစ်စဉ်ကြောင့် ခွဲစိတ်ကုသရန် သြဂုတ် ၁၅ရက် က ရန်ကုန်မြို့မှ စင်ကာပူနိုင်ငံသို့ ထွက်ခွာသွား ခဲ့ပြီး ခွဲစိတ်ကုသမှုခံယူကာ စက်တင်ဘာ ၂၆ရက် ကပြန်လည်ရောက်ရှိလာခဲ့သည်။ ခွဲစိတ်ကုသမှု ကြောင့် ကြီးထွားနေသည့် ခန္ဓာကိုယ်အစိတ် အပိုင်းများ ပြန်လည်သေးသွားမည်မဟုတ်သော် လည်း ထပ်မံကြီးထွားတော့မည် မဟုတ်ကြောင်း ပါမောက္ခဒေါက်တာ ခင်မောင်ဝင်းက ပြောကြား ခဲ့သည်။

ခွဲစိတ်မှုမပြုလုပ်ပါက တစ်နှစ်အတွင်း သေဆုံးနိုင်ဖွယ်ရှိသည့် ကိုဝင်းဇော်ဦးမှာ မကွေး တိုင်းဒေသကြီး နတ်မောက်မြို့နယ် ထုံးပေါက် ချိုင်ဇာတိဖြစ်ပြီး ကမ္ဘာ့ဒုတိယအရပ်အရှည်ဆုံး လူသားတစ်ဦးဖြစ်ကြောင်းသိရသည်။

ညွန့်ဝင်း
The Union Daily

No comments:

Post a Comment