Pages

20.11.13

အီရန်၏ အကြီးမားဆုံး မောင်းသူမဲ့ လေယာဉ်သစ် ထုတ်ဖော်ပြသ

အီရန်အစိုးရက ယင်းလေယာဉ်အသစ်သည် နာရီ(၃၀)ကျော် မနားတမ်း ပျံသန်းနိုင်ပြီး ခရီးရှည် သွားလာနိုင်သည့် အမျိုးအစားဟုလည်း ညွှန်းဆို
ထားသည်
အီရန်၏ အကြီးမားဆုံး မောင်းသူမဲ့ လေယာဉ်သစ် ထုတ်ဖော်ပြသအီရန်အစိုးရသည်တနင်္လာနေ့က
 ၎င်းတို့၏ အကြီးမားဆုံး မောင်းသူမဲ့
 လေယာဉ်အမျိုးအစားသစ်ကို မိတ်ဆက် ပြသခဲ့ကြောင်း သိရှိရသည်။ အီရန်အစိုးရက ယင်းလေယာဉ်အသစ်သည် နာရီ(၃၀)ကျော် မနားတမ်း ပျံသန်းနိုင်ပြီး ခရီးရှည် သွားလာနိုင်သည့် အမျိုးအစားဟုလည်း ညွှန်းဆိုထားသည်။ အီရန် ကာကွယ်ရေးဝန်ကြီး ဟိုစိန်းဒါဂန်းက Fotrosဟု အမည်ပေးထားသည့် မောင်းသူမဲ့ လေယာဉ်သည် ထောက်လှမ်းရေး အတွက်ရော၊ တိုက်ခိုက်ရေး ကဏ္ဍတွင်ပါ အသုံးဝင်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ လေယာဉ်သည် ကီလိုမီတာ (၂၀၀၀)ကျော်ထိ ခရီးပေါက်အောင် ပျံသန်းနိုင်မည်ဟုလည်း ဒါဂန်းက မှတ်ချက်ပြုသွားသည်။

အကယ်၍ ဒါဂန်းပြောဆိုသည့် အချက်အလက်များ အမှန်တကယ် ဖြစ်လာပါက အီရန်၏ မောင်းသူမဲ့ လေယာဉ်များသည် ရန်သူတော် အစ္စရေး အပါအဝင် အရှေ့အလယ်ပိုင်း ဒေသတလွှားတွင် စစ်ရေးလှုပ်ရှားမှုများ ဖြန့်ကျက်ထားနိုင်မည် ဖြစ်သည်။ "ဒီမောင်းသူမဲ့ လေယာဉ်ဟာ ထောက်လှမ်းရေး ကိရိယာတွေ တပ်ဆင်နိုင်သလို ဝေဟင်ကနေ မြေပြင်ကို ပစ်ခတ်မယ့် ဒုံးကျည်တွေလည်း ချိတ်ဆက်နိုင်ပါတယ်။ ဒီအတွက် စစ်ဆင်ရေး ကဏ္ဍတွေမှာပါ ကောင်းကောင်း အသုံးချနိုင်မှာပါ"ဟု ၎င်းက IRNAသို့ ပြောဆိုသွားသည်။

Planet Myanmar Network

No comments:

Post a Comment