Google နှင့် Microsoft တို့သည် အွန်လိုင်းပေါ်တွင် ကလေးသူငယ်ဆိုင်ရာ
ညစ်ညမ်း ဝက်ဘ်ဆိုက်များအား အသုံးပြုသူများ ရှာဖွေရ ခက်ခဲအောင်
ပြုလုပ်ထားသည့် software ကို မိတ်ဆက်ခဲ့ပြီး ၎င်းကိစ္စနှင့် ပတ်သက်၍လည်း ပူးတွဲ ကြေညာချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။
ဗြိတိန် ထိပ်သီးဆွေးနွေးပွဲတွင် ဆွေးနွေးမည့် အင်တာနက်လုံခြုံရေးနှင့်
ပတ်သက်ပြီး Google အမှုဆောင်အရာရှိချုပ် Eric Schmidt က မိမိတို့
ကုမ္ပဏီအနေဖြင့် ကလေးသူငယ်ဆိုင်ရာ ညစ်ညမ်းဆိုက်နှင့် စပ်လျဉ်းသည့် ရှာဖွေမှု
အသုံးအနှုန်း တစ်သိန်းကျော်ခန့်ကို Google Search ပေါ်တွင် ရှင်းလင်းရာတွင်
အကောင်းဆုံး အနေအထားတွင် ရှိကြောင်း ကြိုတင် ရေးသားဖော်ပြခဲ့သည်။
အဆိုပါ software ကို Google နှင့် Bing တို့ က ဗြိတိန်နှင့် အင်္ဂလိပ်ဘာသာ
အသုံးပြုသည့် နိုင်ငံများတွင် ပထမဦးဆုံး ဖြန့်ချိခဲ့သည်။ အဆိုပါ
ကုမ္ပဏီနှစ်ခုသည် ၎င်းတို့၏ စနစ်များတွင် ကလေးသူငယ်ဆိုင်ရာ ညစ်ညမ်း ဓာတ်ပုံများ
တွေ့ ရှိနိုင်သည့် ခြေရာခံစနစ်ကို အသုံးပြုထားသည်။ ထို့အပြင် တရားမဝင်
ဗီဒီယိုများကို ရှာဖွေ ဖျက်သိမ်းနိုင်သော နည်းပညာကိုလည်း Google က
စမ်းသပ်လျက်ရှိသည်။ Google အမှုဆောင်အရာရှိချုပ် Schmidt က ကလေးညစ်ညမ်း
ဝက်ဘ်ဆိုက်ပေါ်တွင် ဓာတ်ပုံများတင်ခြင်းကို မတားဆီးနိုင်ခြင်းနှင့် နည်းစနစ်
မရှိခြင်းကြောင့် အခွင့်အရေးများ ရှိနေကြောင်း မှတ်ချက်ချခဲ့သည်။
လူ့အခွင့်အရေး လှုပ်ရှားသူများက အဆိုပါ ပြောင်းလဲမှုကိုကြိုဆိုခဲ့သော်လည်း
ထိရောက်မှုအပေါ် သံသယများ ရှိနေသည်။
ဗြိတိန် ကလေးသူငယ်
စောင့်ရှောက်ရေးနှင့် အွန်လိုင်း ကာကွယ်ရေးစင်တာမှ အကြီးအကဲဟောင်း Jim
Gable က ကလေးသူငယ်ဆိုင်ရာ ညစ်ညမ်းဆိုက် ရှာဖွေသူများသည် ဓာတ်ပုံများ
ရှာဖွေရန် Google သို့ သွားရောက်မည်မဟုတ်ကြောင်းနှင့် ၎င်းတို့သည်
peer-to-peer ဝက်ဘ်ဆိုက်များတွင်သာ ရှာဖွေကြမည် ဖြစ်ကြောင်း
ပြောကြားခဲ့သည်။
Ref: USAToday
Internet Journal
No comments:
Post a Comment