ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ NGO
အဖွဲ့အစည်း ၁၈ဖွဲ့ကို လူမှုကူညီ ရေးလုပ်ငန်းတွေလုပ်ဆောင်ရာမှာ
မျှမျှတတလုပ်ဆောင်ကြဖို့
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်က နိုဝင်ဘာ ၄ရက်နေ့ကစစ်တွေမြို့
ပြည်နယ်အစိုးရအဖွဲ့ရုံးမှာခေါ်ယူတွေ့ဆုံခဲ့ပြီး သတိပေးခဲ့တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ နိုဝင်ဘာ ၂ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း
ဘက်လိုက်မှုရှိတယ်ဆိုပြီး ရခိုင်ဒေသခံတွေက ရခိုင်ပြည်နယ်ထဲမှာ အခြေစိုက်တဲ့
နိုင်ငံတကာကအဖွဲ့အစည်းတွေကို ကန့်ကွက်ဆန္ဒပြမှု တွေ ဖြစ်ပွားခဲ့ပြီးနောက်
အခုလိုခေါ်ယူတွေ့ဆုံခဲ့တာနဲ့ပတ်သက်လို့ ပြည်နယ်လွတ်တော်အမတ် ဦးအောင်မြ
ကျော်က အခုလိုပြောပါတယ်။
NGO တွေနဲ့ ပတ်သက်ပြီး NGO အဖွဲ့တွေ
ဒီမှာစည်းကမ်းဥပဒေပိုင်းနဲ့ လုပ်ဆောင်ချက်တွေကို ထိန်းထိန်းသိမ်း
သိမ်းလုပ်ကြဖို့အတွက် ၀န်ကြီးချုပ်က သူတို့ကို သတိပေးတဲ့အနေနဲ့
ခေါ်ယူတွေ့ဆုံပြီး ပြောခဲ့တာလို့ သိရပါတယ်၊ အဓိက မြန်မာနိုင်ငံမှာ
ထုတ်ပြန်ထားတဲ့ NGO နဲ့ သက်ဆိုင်တဲ့ ဥပဒေတွေကို လိုက်နာလေးစားဖို့
အပိုင်းတွေကို ပြောတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂ရက်နေ့က
ဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေကြောင့် ဒေသခံရခိုင်လူမျိုးတွေက
ခွဲခြားဆက်ဆံမှုတွေရှိတယ် ဆိုပြီး ရခိုင်ပြည်နယ်ထဲမှာ အခြေစိုက်တဲ့
နိုင်ငံတကာအဖွဲ့အစည်းတွေကို ရခိုင်ပြည်နယ်ထဲက ထွက်ခွာသွားကြ ဖို့
ဆန္ဒပြမှုတွေရှိခဲ့တာနဲ့ ပတ်သက်ပြီး ဦးအောင်မြကျော်က အခုလိုဆက်ပြောပါတယ်။
မနေ့ကပေါက်တောမှာဖြစ်တဲ့ပြဿနာကြောင့် NGO အဖွဲ့တွေကို
ဆန္ဒပြတဲ့အပိုင်းတွေရှိခဲ့ပါတယ်၊ အဲဒါကလည်း ပေါက်တောမှာ ဖြစ်ခဲ့တဲ့ပြဿနာမှာ
ကုလား ၃ယောက်က စစ်တပ်က ပစ်တဲ့အတွက်ကြောင့်ဒဏ်ရာရသွားတယ်၊ အဲဒီဒဏ်ရာရတဲ့
၃ယောက်ကို သူတို့ စပိဘုတ်တွေနဲ့ NGO အဖွဲ့တွေက ခေါ်သွားတယ်၊ အဲဒီမှာ
ကုလားတွေက ဓါးနဲ့ခုတ်၊ လှံနဲ့ထိုးလို့ ဒဏ်ရာရနေတဲ့ ကလေးမလေးတွေကို NGO
အဖွဲ့က သူတို့ရဲ့ စပိဘုတ်တွေနဲ့ ခေါ်မသွား ဘူး၊
အဲလိုမျိုးသူတို့ရဲ့ခွဲခြားဆက်ဆံမှုကြောင့် ပြည်သူတွေက မကျေနပ်လို့ မနေ့က
NGO အဖွဲ့တွေကို ဆန္ဒပြ နေတာ။
ရခိုင်ပြည်နယ်အတွင်းက
ရခိုင်အမျိုးသမီးတွေအနေနဲ့ အခုလိုလုံခြုံမှုကင်းမဲ့နေတဲ့ အခြေအနေနဲ့
ပတ်သက်ပြီး နောက်ထပ်ပြဿနာတွေ ဆက်လက်မဖြစ်ပွားအောင်
အကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေအတွက် အစိုးရ တာ ၀န်ရှိသူတွေက
အရေးယူဆောင်ရွက်ပေးဖို့ ရခိုင်အမျိုးသမီးအစည်းအရုံးကလည်း
တောင်းဆိုလိုက်ပါတယ်။
ဒါအပြင် ရခိုင်ပြည်နယ်အတွင်းမှာ
ရခိုင်လူမျိုးတွေနဲ့ မွတ်ဆလင်လူမျိုးတွေကြား ပဋိပက္ခတွေဖြစ်ပွားခဲ့မှုတွေ
ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူဒုက္ခသည်တွေဟာ အခုချိန်ထိ
ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရဆဲဖြစ်တယ်လို့ ရေဒီယိုသြစတြေးလျ သတင်းထောက်
မြတ်မိုးက သတင်းပေးပို့ခဲ့ပါတယ်။
ABC Radio Australia
No comments:
Post a Comment