ပထမဆုံး Layer Cake ဇာတ်ကားကို (၂၀၀၄)ခုနှစ်က ရုံတင်ခဲ့ပြီး အဓိကဇာတ်ကောင်
XXXXအဖြစ် James Bondမင်းသား ဒန်နီရယ်လ် ကရိတ်ဂ်ျက သရုပ်ဆောင်ခဲ့
Layer Cake နောက်ဆက်တွဲဇာတ်ကားတွင် ပါဝင်မည့် ဂျေဆန်
Layer Cake ဇာတ်ကား၏ နောက်ဆက်တွဲကို ရိုက်ကူးရာတွင် ဂျေဆန် စတက်ဟမ်းက
ပါဝင်သရုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ပထမဆုံး Layer Cake
ဇာတ်ကားကို (၂၀၀၄)ခုနှစ်က ရုံတင်ခဲ့ပြီး အဓိကဇာတ်ကောင် XXXXအဖြစ် James
Bondမင်းသား ဒန်နီရယ်လ် ကရိတ်ဂ်ျက သရုပ်ဆောင်ခဲ့သည်။ ယခုအခါ အခြားဗြိတိသျှ
ရုပ်ရှင်မင်းသား တစ်ဦးဖြစ်သည့် ဂျေဆန်က ဒန်နီရယ့်လ် နေရာတွင် အစားထိုး
ဝင်ရောက်မည် ဖြစ်သည်။ ဇာတ်ကားအတွက် ဇာတ်ညွှန်းကို မူရင်းဝတ္ထုပိုင်ရှင်
ဂျေဂျေကွန်နိုလီကပင် တာဝန်ယူ ရေးသားမည် ဖြစ်သည်။ လျှို့ဝှက်မှုခင်း
ဇာတ်လမ်းသည် ဒန်နီရယ်လ် ပါဝင်သရုပ်ဆောင်သည့် ပထမဇာတ်ကား၌ အောင်မြင်မှုများ
ရရှိခဲ့သည်။
ပထမ ဇာတ်ကားတွင် အမည်သတ်သတ်မှတ်မှတ် မရှိဘဲ XXXXဟုသာ
ယေဘုယျ ခေါ်ဝေါ်သည့် အဓိကဇာတ်ဆောင် ရာဇဝတ်ကောင်သည် သေနတ်ဒဏ်ရာဖြင့်
သေဆုံးသွားဟန် အဆုံးသတ်ထားသည်။ သို့သော်လည်း ၎င်းအနေဖြင့် အသက်မသေဘဲ
ဇာတ်လမ်းသစ် တစ်ကျော့ပြန် စတင်ဟန်ဖြင့် ယခုဇာတ်ကားကို ဆက်လက်ရိုက်ကူးဖွယ်
ရှိနေသည်။ ဒုတိယဇာတ်ကားတွင် အဘယ်ကြောင့် ဒန်နီရယ်လ် ပြန်လည်ပါဝင်လာခြင်း
မရှိသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးချေ။ ယခုဇာတ်ကား၏ ထုတ်လုပ်မှု
အပိုင်းတွင် ဂျေဆန်နှင့် ၎င်း၏ မန်နေဂျာ စတီဗန် ကက်ရှ်မန်းတို့က ပူးပေါင်း
တာဝန်ယူမည်ဖြစ်ပြီး ဒါရိုက်တာ နေရာအတွက်မူ သင့်တော်သူ တစ်ဦးကို
ရှာဖွေနေဆဲဟု သိရသည်။
Planet Myanmar Network
No comments:
Post a Comment