"ရိုဟင်ဂျာတွေအဖြစ်ဟာ ရင်နင့်စရာလို့ OIC အဖွဲ့ပြော"
ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို သွားကြည့်ခဲ့ရတာ တခါမှ
မကြုံဖူးခဲ့တဲ့ ဝမ်းနည်းကြေကွဲမှု ကို ခံစားရပြီး မျက်ရည်ဝဲမိတယ်လို့
အိုအိုင်စီ ခေါ် အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့
အတွင်းရေးမှုးချုပ် Mr Ihsannoglu က ပြောသွားကြောင်း ဒီနေ့ အေပီသတင်းတရပ်က
ဖော်ပြထားပါတယ်။
သူနဲ့ OIC
ကိုယ်စားလှယ်အဖွဲ့ဝင်တွေဟာ စစ်တွေမြို့အနီး ရိုဟင်ဂျာ ဒုက္ခသည်စခန်းကို
သွားရောက်ကြည့်ရှုခဲ့ပြီး လူ ၅ ထောင်လောက်ကို တွေ့ရကြောင်း၊ ဒါပေမဲ့
ဘာသာစကား အခက်အခဲကြောင့် ဘာမှ မေးမြန်း ပြောဆိုနိုင်ခြင်း မရှိကြောင်း၊
သူတို့အားလုံးဟာ ကြောက်ရွံ့ထိတ်လန့်နေကြပြီး အခုလို OIC အဖွဲ့ လာတာကို
ဝမ်းသာနေကြကြောင်း၊ ဒီပြဿနာကို ဖြေရှင်းမယ်လို့ အစိုးရက
ပြောကြောင်း၊အခုမဖြေရှင်းဘူးဆိုရင် နောင်အခါ ပြဿနာကြီးတစ်ခု ဖြစ်လာနိုင်ကြောင်း Mr Ihsannoglu က ပြောသွားပါတယ်။
အိုအိုင်စီ ကိုယ်စားလှယ်တွေဟာ မနေ့ က နေပြည်တော်မှာ
သမ္မတဦးသိန်းစိန်နဲ့ရော၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ပါ တွေ့ဆုံခဲ့တယ်လို့
ဆိုပါတယ်။ OIC အဖွဲ့ဟာ မြန်မာနိုင်ငံကပြန်လည်မထွက်ခွါခင် လေဆိပ်ရောက်တဲ့အချိန်ထိ ဆန့်ကျင်ဆန္ဒပြတာတွေ ကြုံခဲ့ရ ပါတယ်။
မနေ့ကလဲ သံဃာ ၆ ပါးပါဝင်တဲ့ လူ ၆၀ လောက်က အိုအိုင်စီထွက်သွား၊ အိုအိုင်စီ
ပြည်တွင်းရေး ဝင်မစွက်ဖက်နဲ့ဆိုတဲ့ စာတန်းတွေကိုင်ပြီး ဆန္ဒပြခဲ့ကြတယ်လို့
သိရပါတယ်။
RFA
No comments:
Post a Comment