ကျွန်မတို့က ဒီအလုပ်ကို ၁၄နှစ်၊ ၁၅နှစ်လောက် လုပ်လာတာ။ ဒီတော့ အတွေ့အကြုံနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတာ
ချင်းတော့ ကွာမှာပေါ့
အသက် ၂၃ နှစ်ရှိပြီဖြစ်တဲ့ အဆိုတော် တေလာဆွစ်ဖ်ဟာ ပြီးခဲ့တဲ့
ဗုဒ္ဓဟူးနေ့က နယူးယောက်မှာ ကျင်းပပြုလုပ်တဲ့ ဖက်ရှင်ရှိုးမှာ
ပါဝင်သရုပ်ပြခဲ့ပါတယ်။ အဲဒီ ပွဲကတော့ Viectoria’s Secret ရဲ့ catwalk
လျှောက်ပွဲဖြစ်ပြီး တေလာဆွစ်ဖ်အနေနဲ့ ဒီပွဲမှာ ပါဝင်သရုပ်ပြခဲ့တာ
အံဝင်ဂွင်ကျ မဖြစ်ဘူးလို့ ပွဲမှာပါဝင်တဲ့ မော်ဒယ် Jessica က ပြောသွားပါတယ်။
ရှိုးပွဲအပြီးမှာ သူမက Women Wear Daily ကို အခုလိုပဲ
ဖြေဆိုသွားပါတယ်။ “ကျွန်မအထင် ဘာလဲဆိုတာ ရှင်တို့သိပြီးဖြစ်မှာပါ။ သူမက
အလွန်တော်ပါတယ်။ ဒါပေမယ့် သူမဒီပွဲနဲ့ အံဝင်ခွင်ကျ မဖြစ်တာတော့
ဘာကြောင့်မှန်း ကျွန်မမသိဘူး။ ကျွန်မနေနဲ့ ဒီလိုပြောသင့်ရဲ့လားတောင်
မသိဘူး။ ကျွန်မတို့ဆီက ရှင်တို့အများကြီး မျှော်လင့်လို့မရဘူးလေ။
ကျွန်မဆိုလိုတာ ကျွန်မတို့က ဒီအလုပ်ကို ၁၄နှစ်၊ ၁၅နှစ်လောက် လုပ်လာတာ။
ဒီတော့ အတွေ့အကြုံနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတာချင်းတော့ ကွာမှာပေါ့”
လို့ ဖြေသွားပါတယ်။
တခြားမော်ဒယ်တွေဖြစ်တဲ့ Karlie
Kloss ကတော့ တေလာနဲ့ သူငယ်ချင်းတွေ ဖြစ်ချင်ပါတယ်တဲ့။ “သူမဟာ အမိုက်ဆုံး
မိန်းကလေးငယ်တစ်ယောက်လို့ ကျွန်မထင်တယ်။ တေလာရဲ့ သီချင်းတွေကို
ကျွန်မကြိုက်တယ်။ အမျိုးသမီးတွေအတွက် စွမ်းအားတွေ ဖြစ်ထွန်းစေတယ်လို့
ခံစားရတယ်” လို့ဆိုပါတယ်။
Viectoria Secret ရဲ့ မော်ဒယ်
Lily Aldridge ကတော့ “တေလာက ကျွန်မရဲ့ အကောင်းဆုံး သူငယ်ချင်းတွေထဲက
တစ်ယောက်ပါ။ ဒါကြောင့်လည်း ကျွန်မတို့ပွဲမှာ အများကြီးပျော်ရွှင်ခဲ့ရတယ်”
လို့ ဆိုပါတယ်။
ွှTrend Myanmar
No comments:
Post a Comment