Pages

10.12.13

2022 FIFA World Cup ကျင်းပမည့် မြို့ 

ပုံမှာ မြင်တွေ့နေရတဲ့ ဘောလုံးကွင်းနဲ့ ရှုခင်းဟာ Lusail လို့အမည်ရတဲ့မြို့ ဖြစ်ပါတယ်။ အရှေ့ အလယ်ပိုင်း ဒေသက အာရပ်စော်ဘွားပြည်ထောင်စု ဖြစ် တဲ့ ကာတာနိုင်ငံက အသစ်တည်ဆောက်တဲ့မြို့  ဖြစ်ပါတယ်။

သက္ကရာဇ် ၂၀၂၂ ခုနှစ် FIFA ကမ္ဘာ့ဖလား ဖွင့်ပွဲနဲ့ ဖိုင်နယ်ပွဲ ကျင်းပဖို့ အတွက် တည်ဆောက် လျက် ရှိတဲ့ မိုးလုံ၊လေလုံ အားစားကွင်း ဖြစ်ပါတယ်။ ပရိတ်သတ်ပေါင်း ၈၆၂၅၀ ဦးရေ ဆံ့တဲ့ ဧရာမ ကစားကွင်းကြီး ဖြစ်ပါတယ်။ FIFA ပြီးတာနဲ့ အခြား အားကစားအတွက် အသုံးပြုမှာပါ။ ကစားကွင်း အတွက်ကော၊ Lusail လို့အမည်ရတဲ့ မြို့ တည်ဆောက်ရေး အတွက်ကော ငွေကြေး သုံးစွဲမှုကို အကန့်အသတ်မရှိ အစိုးရက ခွင့်ပြု ထားပေးပါတယ်။ တည်ဆောက်ပြီးစီးခြင်း မရှိသေးတာမို့ မြို့ လို့တောင် အမည်မတွင်သေးပါဘူး။ သို့ပေမယ့် FIFA ပွဲအတွက် Lusail မြို့ ဆိုပြီး အမည်စာရင်း သွင်းထားပြီးပါပြီ။



လူဦးရေ ၂သိန်းခွဲပဲ နေထိုင်စေမယ့် ယင်းမြို့ ဟာ အရှေ့ အလယ်ပိုင်းက လည်ပတ်ချင်စရာ အကောင်းဆုံး ဇိမ်ခံ မြို့  တစ်ခုအဖြစ် ဖန်တီးရန်ရည်ရွယ် ထားခြင်း ဖြစ်ပါတယ်။ ပင်လယ်ကမ်းခြေမြို့ ပါ။ Lusail မြို့ အတွက်ကော၊ အားကစား ပွဲအတွက် ပြင်ဆင်ခြင်းကရော သမိုင်းတစ်လျှောက် ကုန်ကျ စရိတ် အများဆုံး FIFA ပွဲအတွက် ပြင်ဆင်ခြင်း စံချိန်တင်နိုင်ဖွယ်ရှိကြောင်း သိရ ပါတယ်။
.
Ref: wiki

No comments:

Post a Comment