မန်ချက်စတာ ယူနိုက်တက် အသင်းဧ။် မန်နေဂျာ ဒေးဗစ်မိုယက်စ် က ယူနိုက်တက်
အနေဖြင့် အသွင်ကူးပြောင်းဆဲ ကာလ အပိုင်းခြား တစ်ခု ကို ရောက်ရှိနေပြီ
ဖြစ်ကြောင်း နယူကာဆဲလ် အသင်းအား အိမ်ကွင်း အိုးထရက်ဖို့ ဒ် ကွင်းကြီး တွင်
သမိုင်းဝင် ရှုံးပွဲ အပြီး တွင် ပြောကြား လိုက်သည်ဟု သိရသည်။ ယခု
ရှုံးပွဲသည် ၂၀၀၂ ခုနစ် ဘောလုံးရာသီ နောက်ပိုင်း
အိုးထရက်ဖို့ဒ် ကွင်းကြီး ၌
နစ်ပွဲ ဆက် တိုက်၇ှုံးနိမ့်ခဲ့သည့် ပထမ ဆုံး ရှုံးပွဲလည်း ဖြစ်သည်။ အဆိုပါ
ရှုံး ပွဲကြောင့် ယူနိုက်တက် အသင်းသည် ဇယား ထိပ်ဆုံးမှ အာဆင်နယ် အသင်း
နင့် ၁၂ မှတ်ထိ ကွာဟ နေပြီးတော့ ယနေ့  ပွဲစဉ်၌်သာ အာဆင်နယ် အသင်းက အဲဗာတန်
အသင်းအား အနိုင် ရရှိလိုက်ပါက ၁၅ မှတ်ထိ ကွာဟ သွားတော့မည် ဖြစ်သဖြင့်
ချန်ပီယံ ကာကွယ်မည့် မျှော်လင့်ချက် လုံးဝ အရှုံးသတ်သွားတော့မည့် အခြေနေ
ရှိနေပေတော့မည် ဖြစ်သည်။
နစ်ပေါင်း ၄၁ နစ်
အတွင်း အိမ်ကွင်း အိုးထရက်ဖို့ ဒ် ကွင်းကြီး တွင် နယူးကာဆဲလ် အသင်းအား
ပထမဆုံး အကြိမ် အရှုံးပေးလိုက် ရသည့် ပွဲစဉ် အပြီးတွင် စိတ်အပျက်ကြီး
ပျက်နေသည့် ဒေးဗစ် မိုယက်စ် သည် ပရိတ်သတ်များ အား တောင်းပန် လိုက်ပြီး သူ
့အား အိုးထရက်ဖို့ ဒ် ကွင်း၌ အောင်မြင်မှုများ ရှာဖွေ နိုင်ရန် အချိန်
အနည်းငယ် ပေးရမည် ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။
ပရီးမီးယားလိဂ် ဘောလုံးရာသီ ပေါင်း ၁၁ ရာသီ နောက်ပိုင်း အိမ်ကွင်း
ပထမဆုံး အကြိမ် နစ်ပွဲဆက် တိုက်ရှုံးနိမ့်ခဲ့သည့် ပွဲစဉ် အပြီး ယူနိုက်တက်
မန်နေဂျာမှ ...
" ကျနော် တို့  အနေနင့်
စိတ်ရှည် သည်းခံ ဖို့ လိုပါတယ် ။ ဘာလို့ လဲ ဆိုတော့ ဒါက ကျနော် တို့ ရဲ့ 
အသွင်းကူးပြောင်းဆဲ ကာလ အပိုင်းအခြား တစ်ခု ထဲကို ရောက်နေလို့ ပါ ။ ဒါက
အမြဲတစေ ကြုံတွေ့ ရတတ်တဲ့ ကိစ္စ တစ်ခုလည်း ဖြစ်ပါတယ် ။ ကျနော်
မျှော်လင့်ပြီးသားပါ ။ ပြီးခဲ့တဲ့ ပွဲစဉ်တွေ ထက် ဆိုးရွား ချို့ နဲ့  တဲ့
အခြေနေတွေ မရှိနိုင်တော့ဘူး ဆိုတာကိုပေါ့ ။ ကျနော် ဒီကို လာကတည်းက ဒီနေရာ
ဟာ ကျနော့် အတွက် လွယ်ကူနေမှာ မဟုတ်ပဲ ခက်ခဲ ကြမ်းတမ်း နေလိမ့်မယ်
ဆိုတာကိုပေါ့ ။
" " ကျနော် နားလည်ပါတယ်
..ယူနိုက်တက် ပရီတ်သတ် တွေဟာ ကျနော့် အပေါ်မှာ အကြီးကျယ် တာဝန်ကျေခဲ့ သလို
ကလပ်အပေါ်မှာလည်း သူတို့  တကယ်တာဝန် ကျေပွန် ခဲ့ပါတယ် ။ ရာသီ စကတည်းက ရာသီ
ဝက်အတွင်း ခုလို အစောကြီး ၅ ပွှဲရှုံးနိမ့်ခဲ့မယ် လို့  သူတို့ ဘယ်လိုမှ
မျှော်လင့် ထားခဲ့မယ် မဟုတ်ပါဘူး ။ ကျနော့် အနေနင့်လည်း အဲလို မမျှော်လင့်
ခဲ့ပါဘူး ။ ကျနော်တို့ အားလုံး ဒီအခြေဆိုးထိ မမျှော်လင့်ခဲ့ကြတာပါ ။
ဒါပေမယ့် သူတို့ ခုလို အခြေနေမျိုး ဟာ အသွင် တစ်ခု ကူးပြောင်းနေဆဲကာလ
တစ်ခု မှာ ကြုံတွေ့ ရစမြဲ ဆိုတာ နားလည် သဘောပေါက်လိမ့်မယ် လို့  ကျနော်
ထင်ပါတယ် ။ ကျနော် တို့  အလုပ်ကြိုးစားမှာပါ ။ အသင်းကို အကောင်းဆုံး
ပြန်လည် တည်ဆောက်ပြီးတော့ ရလဒ် ကောင်းတွေ ပြန်လည် ရရှိလာဖို့  ကျနော် တို့ 
ကြိုးစား သွားမှာပါ ။ " ဟု လက်၇ှိ အသင်းဧ။် ဆိုးရွားလှသည့် အခြေအနေနင့်
ပတ်သတ်ပြီး ပြောကြား လိုက်ကြောင်း သိရသည်။
Written by ၀ိုင်း ( ကျိန်းရိပ် )
Football Café
No comments:
Post a Comment