အီရတ်တွင် တာဝန်ထမ်းဆောင်ခဲ့သော ဗြိတိန်စစ်သားအချို့ကို အရပ်သား အနည်းဆုံး ၁၁ဦး သေဆုံးခဲ့သည့်ဖြစ်ရပ်အတွက် မှုခင်းစစ်ဆေးမှုစနစ်ဖြင့် ကြားနာစစ်ဆေးရန် ဗဟိုတရားရုံ့း အမိန့်ထုတ်လိုက်ကြောင်း သိရသည်။ တရားရုံးသည် လူ့အခွင့်အရေး အက်ဥပေဒအရ စုံစမ်းစစ်ဆေး မှုများကို ပြုလုပ်မည်ဖြစ်သည်။
ဗြိတိန်ကာကွယ်ရေးဝန်ကြီးက မူခင်စစ်ဆေးမှုပုံစံ ကြားနာမှုတွင် ၂၀၀၃ခုနှစ်က အီရတ်သမ္မတ ဆက်ဒမ်ဟူစိန်ကို ဖြုတ်ချရန် ကြိုးပမ်းခဲ့သော ကျူးကျော်စစ်ပွဲတွင် ပါဝင်ခဲ့သော စစ်သည်များအနက် ၁၁ဦးကို စစ်ဆေးမည်ဖြစ်သည်။ ယခု စုံစမ်းစစ်ဆေး၊ ကြားနာမှုသည်
အနည်းဆုံး သုံးလခန့် ကြာမြင့်မည်ဖြစ်ပြီး သက်သေများ၊
အထောက်အထားများရရှိအတွက် ကုန်ကျစရိတ်ပေါင်းမှာ
ပေါင်၂သန်းအထိ ကုန်ကျမည်ဟု ခန့်မှန်ထားသည်။
တရားရုံးက သံသယရှိသူမျာကို ရုံးထုတ်ကာ စစ်ဆေးအမိန့်ချပေးရန်
ငြင်းဆိုထားသော်လည်း အရပ်သား သေဆုံးမှုများအတွက် လူအခွင့်အရေးဆိုင်ရာ ဥရောပကော်မရှင်၏ အပုဒ် ၂ အရ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ရန် အတည်ပြုပေးခဲ့သည်။
ယခုစစ်ဆေးမှုတွင် လူ့အခွင့်အရေးဆိုင်ရာညီလာခံမှ တားမြစ်ထားသော နှိပ်စက်ညှင်းပန်းမှု မပြုရဆိုသည့် အပုဒ် ၃ အရ ငြိစွမ်းနေသည့် အမှုပေါင်း ၈၀၀ခန့်ကိုလည်း ပါဝင်စစ် ဆေးမည်ဖြစ်သည်။
တရားရုံးက ယခုစစ်ဆေးမှုတွင် စပ်ဆက်သက်ဆိုင်နိုင်ဖွယ်ရှိသော အခွန်ထမ်းများ၊ တစ်နည်းတစ်လမ်း ပတ်သတ်ဖွယ် ရှိသူများ အစရှိသော အရပ်သားများအပေါ် စုံစမ်းစစ်ဆေးမှုများ မပြုရန်လည်း ဆုံးဖြတ်ထားသည်။
ထို့အတွက် ယခုစစ်ဆေးမှုများသည် ဗြိတိန်စစ်သားများနှင့်သာ သက်ဆိုင်နေသည်။ ယင်းဆုံးဖြတ်ချက်ကို ကာကွယ်ရေးဝန်ကြီးဌာနက လက်ခံကြိုဆိုထားသည်။
Ref: Telegraph
The Myanma Age
No comments:
Post a Comment