ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက် ရေးတွင်တစ်ဖက်တစ်လမ်းမှပါဝင်
ဆောင်ရွက်ရန်နှင့်ဒေသတွင်းအလုပ်
အကိုင် အခွင့်အလမ်းများ ပိုမိုတိုး တက်ရရှိစေရန်ရည်ရွယ်ပြီး ရခိုင်
ပြည်နယ်မှ စီးပွားရေးလုပ်ငန်းရှင် အချို့ ဦးဆောင်၍ ရခိုင်စီးပွားရေး
ဦးဆောင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဖွဲ့စည်းခြင်းနှင့်
ဆိုင်းဘုတ်တင်ခြင်း အခမ်းအနား ကိုယနေ့နံနက် ၁ဝ နာရီ ၄၅ မိနစ် တွင် စစ်တွေမြို့၌ပြုလုပ်ခဲ့သည်။
ရှယ်ယာတစ်ခုလျှင် ငွေကျပ် ၅ဝဝဝသတ်မှတ်ထားပြီး ရှယ်ယာ ပေါင်း
နှစ်သိန်းထုတ်ရောင်းမည် ဖြစ်ကြောင်းလည်း သိရသည်။ကုမ္ပဏီအနေဖြင့် လယ်သမားများ
အကျိုးအမြတ်ရရှိရေးကို အခြေခံ သော ဆန်စပါးကုန်သွယ်ရေးလုပ် ငန်းဖြင့်
ဦးစားပေးလုပ်ကိုင်ရန်၊ ကုမ္ပဏီ၏ ကိုယ်ပိုင်စီမံကိန်းလုပ် ငန်းများနှင့်
အစိုးရစီမံကိန်းလုပ်ငန်း များကို စီးပွားဖြစ်လုပ်ကိုင်ရန်၊ နိုင်ငံခြား
ကုမ္ပဏီများနှင့် ရေနံ၊ သဘာဝဓာတ်ငွေ့၊ ဓာတ်သတ္တုတူး ဖော်ရေးလုပ်ငန်းများကို
အကျိုးတူ ပူးပေါင်းလုပ်ကိုင်ရန်၊မြို့ပြ၊အိမ်ရာ၊ လမ်း၊ တံတား၊ ဆိပ်ကမ်း၊ ဈေးနှင့် အပန်းဖြေစခန်း စီမံကိန်းများကို စီးပွားဖြစ်ဖော်ထုတ်လုပ်ကိုင်ရန်၊
ဆန်စက်ဇုန်၊ စိုက်ပျိုးအခြေခံစက်မှု လုပ်ငန်းဇုန်များကို စီးပွားဖြစ်လုပ်
ကိုင်သွားရန်ရှိကြောင်း ကုမ္ပဏီ ဥက္ကဋ္ဌ ဦးရွှေမောင်က ပြောသည်။
The Union Daily
No comments:
Post a Comment