Pages

27.12.13

" ပေါ်ပြူလာနယူးစ်မှ ရွေးချယ်သည့် ပေါ်ပြူလာ၂ဝ၁၃ "

၂ဝ၁၃ ခုနှစ်ကား မကြာမီကုန်ဆုံးတော့မည်ဖြစ် သည်။ နှစ်တစ်နှစ်ကုန်ဆုံးခြင်းသည်သဘာဝတရားဖြစ်သော်လည်း နှစ်တစ်နှစ်၏ ရက်ပေါင်း ၃၆၅ ရက်ပေါ်တွင် ဖြစ် ပျက်ခဲ့သည်တို့ကတော့ သဘာဝအတိုင်းချည်းမဟုတ်။ လူတို့ဖန်တီးသော အကောင်းအဆိုးတို့လည်း ရှိနေမြဲဖြစ်သည်။ မြန်မာနိုင်ငံ၏ ၂ဝ၁၃ အလွန်တွင် ဤနှစ်အတွင်း အဖြစ်အပျက်တစ်စုံတစ်ရာကြောင့်ဖြစ်စေ၊ လုပ်ဆောင်မှုတစ်ခုခုသို့မဟုတ် အကောင်းအဆိုးအခြေအနေ တစ်ရပ်ရပ်ကြောင့်ဖြစ်စေ ပေါ်ပြူလာဟုခေသည့် လူသိများ ထင်ရှားခဲ့သူများကို ကျွန်တော်တို့အယ်ဒီတာအဖွဲ့၏ သဘောထားဆန္ဒဖြင့် ရွေးချယ်ဖော်ပြခြင်းဖြစ်ပါသည်။

အခြားသောထင်ရှားပြီးသားပုဂ္ဂိုလ်များဖြစ်သည့် သီတဂူ ဆရာတော်၊ သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးမင်းကိုနိုင်နှင့် သူရဦးရွှေမန်းမှအစပြုပြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ ပရဟိတနယ်ပယ်မှ ဦးကျော်သူ အပါအဝင် အခြားသော လူမှုအကျိုးပြုလုပ်ငန်းများလုပ် ကိုင်နေသော ပုဂ္ဂိုလ်အပေါင်းတို့၏ အကြောင်းများကမူ နေ့စဉ်နှင့်အမျှ သတင်းမီဒီယာအမျိုမျိုး တွင် မြင်တွေ့ရင်းနှီးနေကြ ဆဲဖြစ်ရာ ယခုရွေးချယ်ထားသည့်လူပုဂ္ဂိုလ်နှင့်အဖြစ်အပျက်များကတော့ ၂ဝ၁၃ ခုနှစ်အား တုန်ခါသက်ဝင်စေသော အကြောင်းခံများကြောင့်ရွေးချယ်ခြင်းဖြစ်ပါသည်။

ဤရွေးချယ်မှုအပေါ် အများပြည်သူတို့ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါသည်။ ထို့ပြင် ကာယကံရှင်များအနေဖြင့်လည်း ကျွန်တော်တို့၏ ရွေးချယ်မှုသည် ပုဂ္ဂိုလ်ရေး ပုတ် ခတ်စော်ကားခြင်းကို လုံးဝဦးတည်ခြင်းမဟုတ်ဘဲ ၂ဝ၁၃၏ အဆုံးတွင် ပဲ့တင်ကျန်ခဲ့သော ဖြစ်ရပ်များနှင့်သာ ချိန်ထိုးဆုံးဖြတ်ခြင်းဖြစ်ရာ ချစ်ခြင်းမျက် စိဖြင့်ကြည့်ခြင်း မဟုတ်စေကာမူ မုန်းတီးခြင်းအကြည့်ဖြင့် ဖွင့်သောမျက်စိများ မရှိဟူ၍သာ ကျွန်တော်တို့ ယုံကြည်ပါသည်။ သတင်းဟူသည် သမိုင်းပင်မဟုတ်ပါလော။

► ဦးဝီရသူ

မန္တလေး မစိုးရိမ်တိုက်သစ်ကျောင်းဆရာတော် ဦးဝီရသူသည် မြန်မာနိုင်ငံတွင် မူလကပင် အမျိုးဘာသာနှင့်ပတ်သက်သည့် တရားတော်များကြောင့် နာမည်ကျော် လူသိများခဲ့ သည့်ပုဂ္ဂိုလ်ဖြစ်သော်လည်း ၂ဝ၁၃ ခုနှစ်တွင်မူ ကမ္ဘာသို့တိုင် နာမည်ကျော် ကြားခဲ့ပြီး Time မဂ္ဂဇင်းအဖုံးတွင် သမိုင်းတစ်လျှောက် ပထမဦးဆုံး အဖြစ်ဖော်ပြခံခဲ့ရသည့် ဗုဒ္ဓဘာသာ....

No comments:

Post a Comment