Pages

27.12.13

ဒေါ်အောင်ဆန်းစုကြည် ချင်းပြည်နယ်ခရီးစဉ် ရွှေ့ဆိုင်းမည်မဟုတ်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေး လူထု သဘောထားရယူရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ ဥက္ကဋ္ဌ) ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက်မည့် ချင်းပြည်နယ် ခရီးစဉ်ကို ရွှေ့ဆိုင်းမည် မဟုတ်ကြောင်း NLD ပါတီ ဗဟို အလုပ်အမှုဆောင် ဦးဝင်းမြင့်က ပြောကြားသည်။


ဒေါ်အောင်ဆန်းစုကြည်၏ ခြေမခွဲစိတ် ကုသထားခြင်းကြောင့် ချင်းပြည်နယ် ခရီးစဉ်ရွှေ့ဆိုင်းမှု ရှိ မရှိကို ဗဟိုအလုပ် အမှုဆောင် အစည်းအဝေးတွင် ဆုံးဖြတ်မည် ဖြစ်ကြောင်း ပြည်တွင်းမီဒီယာ အချို့တွင် ဖော်ပြထားမှုနှင့် ပတ်သက်၍ ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
“ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ မဆုံးဖြတ်ပါဘူး၊ မူလစီစဉ်ထားတဲ့ အတိုင်းသွားမှာပါ” ဟု ၎င်းကဆိုသည်။

ချင်းပြည်နယ် ခရီးစဉ်ကို ဇန်နဝါရီလ ၆ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များကို တက်ရောက် ဟောပြောမည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခြေမနှစ်ဖက်ကို ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ခွဲစိတ်ထားပြီး လမ်းလျှောက်ရန်နှင့် ခရီးဝေးသွားရန် အဆင်မပြေသောကြောင့် ဒီဇင်ဘာလ အတွင်းရှိ ခရီးစဉ်များ အားလုံးကို ဖျက်သိမ်း လိုက်ကြောင်း NLD ပါတီက ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ထုတ်ပြန် ကြေညာထားသည်။

The Voice Weekly

No comments:

Post a Comment